MT News
Written by Nay Aung
လက်ရှိအချိန်တွင် မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းရန် အလွယ်တကူလုပ်ဆောင်နိုင်မည်မဟုတ်ဘဲ သည်းခံလုပ်ဆောင်ရမည်ဖြစ်ကြောင်း စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်းက ထုတ်ဖော်ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်ရှိပဋိပက္ခများသည် ပြည်တွင်းရေးပြဿနာမျိုးသာဖြစ်ပြီး မြန်မာနိုင်ငံရှိ မတူညီသောအဖွဲ့စည်းများကြား အားပြိုင်ရာမှ ပဋိပက္ခများဖြစ်ပွားလာခြင်းမျိုးဖြစ်ကြောင်း စင်ကာပူဝန်ကြီးချုပ်က ပြောသည်။
စင်ကာပူဝန်ကြီးချုပ်က “မြန်မာ့နိုင်ငံရေး ပဋိပက္ခတွေကိုလက်ရှိအချိန်မှာ အလွယ်တကူ ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ သည်းခံရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ အာဆီယံအတွက် ရလဒ်ကောင်းတွေထွက်ပေါ်လာစေဖို့ အာဆီယံအဖွဲ့ဟာ တသမတ်တည်း မူဝါဒတွေကိုထားရှိရမှာဖြစ်ပါတယ်” ဟု ပြောသည်။
ထို့အပြင် အာဆီယံအဖွဲ့အနေဖြင့် လက်ရှိအချိန်တွင် အာဆီယံထိပ်သီးအစည်းအဝေးများ၌ မြန်မာနိုင်ငံကို ဖိတ်ကြားရာမှာ နိုင်ငံရေးနှင့်မပတ်သောသူကိုသာ တက်ရောက်ခွင့်ပေးသောပုံစံကို အပြောင်းအလဲလုပ်စရာအကြောင်းမရှိကြောင်း စင်ကာပူဝန်ကြီးချုပ်က ပြောသည်။
အာဆီယံအနေဖြင့် လက်ရှိအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ နစကခေါင်းဆောင်များအပါအဝင် မြန်မာ့နိုင်ငံရေးတွင်ပါဝင်နေသော အဖွဲ့အစည်းအားလုံးနှင့် စေ့စပ်ဆွေးနွေးရန် ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း စင်ကာပူ ဝန်ကြီးချုပ်ကပြောသည်။
လီရှန်လွန်းက ” ဖြစ်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံမှာဖြစ်နေတဲ့အကြမ်းဖက်မှုတွေကိုအဆုံးသတ်စေလိုတယ်။ ဒါပေမယ့် အဲဒီလိုမျိုးအဆုံးသတ်ဖို့က အလွန်ခက်ခဲတယ်။ အချိန်ယူလုပ်ဆောင်ရမှာဖြစ်တယ်။ အာဆီယံရဲ့သြဇာလွမ်းမိုးမှုကြီးမားမှုသိပ်မရှိတဲ့အတွက် မြန်မာနိုင်ငံရဲ့အဖွဲ့အစည်းတွေက တိုက်တွန်းတောင်းဆိုမှုတွေကို စဉ်းစားခြင်းမျိုး သိပ်မရှိဘူး။ဒါကို ကျွန်တော်တို့ နားလည်ရမယ်” ဟုပြောသည်။
အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပလျက်ရှိနေသော အာဆီယံထိပ်သီးအစည်းအဝေးတွင်ခေါင်းဆောင်များကြား မြန်မာ့အရေးကိစ္စကို အဓိကထား ထည့်သွင်းဆွေးနွေးလျက်ရှိနေကြောင်း သိရသည်။
Ref——-channelnewsasia