MT News
Written by Nay Moe
ရေးမြို့နယ်အနီးရှိ ကျားဖြူစစ်ကြောင်း (၂) စစ်ကြောင်းရုံးအား လေတပ်မှ ဗုံးကြဲသဖြင့် PDF သုံးဦးကျကာ လေးဦးဒဏ်ရာရသည့်အပြင် စခန်းပါပျက်စီးခဲ့သည်ဟု ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်ခဲ့သည်။
ဖြစ်စဥ်မှာ ရေးမြို့နယ် သံဖြူဇရပ်မြို့နယ်ကြားရှိ ကျားဖြူစစ်ကြောင်း (၂) စစ်ကြောင်းရုံး၊ တပ်ခွဲ (၁)၊ တပ်ခွဲ (၆) နောက်တန်းစခန်းနေရာတို့အား မေ ၇ ရက်နေ့၊ ည ၁၀ နာရီ ၅၅ မိနစ် (၁၁ နာရီဝန်းကျင်) တွင် ပထမအကြိမ် တိုက်လေယာဉ်ဖြင့် ပေါင် (၅၀၀) ဗုံး (၂) လုံးကြဲ တိုက်ခိုက်ခံခဲ့ရပြီး မေ ၈ ရက်နေ့၊ နေ့လည် ၁၂ နာရီဝန်းကျင်တွင် ဒုတိယအကြိမ် Mi-35 ရဟတ်ယာဉ်ဖြင့် ထပ်မံလာရောက် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။
ထိုတိုက်ခိုက်မှုတွင် ကျားဖြူစစ်ကြောင်းမှ ရဲဘော် (၃) ဦး (ကျား – ၂၊ မ – ၁) တို့သည် အသက်ပေးခဲ့ရပြီး ရဲဘော် (၄) ဦးထိခိုက်ဒဏ်ရာ (မပြင်းထန်) ရရှိခဲ့သည်။ သေဆုံးသူသုံးဦးမှာကျားဖြူတပ်ခွဲ (၁) မှ PDF ရဲဘော် ဇွဲမာန်လင်း (ခ) စနေ၊ ရဲဘော် ထွန်းလင်းအောင် (ခ) မြကြီးနှင့် ရဲမေ မခင်သန္တာဆွေ (ခ) မမြင့် တို့ဖြစ်ပြီး ကျားဖြူတပ်ခွဲ (၁)၏ အစားထိုးမရသည့် ဆုံးရူံးမှုကြီးတစ်ခုဖြစ်ကာ မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ထားသည်။