MT News
၂၀၁၉ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအကယ်ဒမီ ချီးမြှင့်ပွဲမှာ ထူးချွန်ဆုရရှိနိုင်ခြေရှိတဲ့ အမျိုးသားဇာတ်ဆောင်ဆုကို အကယ်ဒမီ လူမင်း ရရှိနိုင်တယ်လို့ ခန့်မှန်းလျက်ရှိပါတယ်။
နို့ဘီလူးဇာတ်ကားမှာ လူမင်းက ဆိုးသွမ်းပြီး အကြောက်တရားကင်းမဲ့တဲ့ လူမိုက်ကြီးအဖြစ်ကနေ အေးချမ်းတဲ့ မိဘမေတ္တာကို နားလည်လာပြီး မိဘကျေးဇူးဆပ်သူအဖြစ်နဲ့ ကျရာဇာတ်ရုပ်မှာ ပီပြင်စွာ သရုပ်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။
အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဇာတ်လမ်းပန်းချီရွှေအေးကို၊ စကားလုံးနဲ့ ဇာတ်ညွှန်း ထပ်ဆင့်အကယ်ဒမီ ငြိမ်းမင်းကရေးသားပြီး ဒါရိုက်တာ လူမင်းက ကိုယ်တိုင်ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။
ဒီဇာတ်ကားက အိန္ဒိယနိုင်ငံရဲ့ ယဉ်ကျေးမှုမြို့တော်ဖြစ်တဲ့ ကာလကတ္တားမြို့ရှိ Calcutta International Cult Film Festival မှာ ထူးချွန်ဆု (၅)ဆု ဆွတ်ခူးနိုင်ခဲ့သလို ရုရှားနိုင်ငံရဲ့ မြို့တော်မော်စကိုရှိ Eurasia International Monthly Film Festival မှာလည်း ထူးချွန်ဆု ထပ်မံဆွတ်ခူးနိုင်ခဲ့တာပါ။ ဒါ့ကြောင့် အကယ်ဒမီ ရရှိနိုင်ခြေရှိတဲ့ စာရင်းမှာ တစ်ပြေးနေတာလည်း ဖြစ်ပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားမှာ ကိုယ်တိုင် ဒါရိုက်တာအဖြစ်နဲ့ရော သရုပ်ဆောင်ပိုင်းမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် လူမင်း အပြင် ဇေရဲထက်၊ ရွှေမှုံရတီ၊ အကယ်ဒမီ ဒေါ်မြတ်မွန် ၊ အကယ်ဒမီ အောင်ခိုင်၊ အကယ်ဒမီဇော်ဦး၊ ဇော်မှိုင်း၊ ဟိန်းစိုး၊ ဇေယျာအောင်၊ ကိုပေါက်၊ စမ်းစမ်း၀င်း၊ သိင်္ဂီထွန်း စတဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။