MT News
၂၀၂၀ ပြည့်နှစ်အတွက် ဒါရိုက်တာဆုကို “ကမ္မဖလ” ရုပ်ရှင်ကားနဲ့ ထပ်ဆင့်အကယ်ဒမီ ပန်းချီစိုးမိုး ရရှိမယ်လို့ ရေပန်းစားနေပါတယ်။
မေလ ၆ ရက် နေပြည်တော်မှာ ကျင်းပမယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအကယ်ဒမီချီးမြှင့်ပွဲမှာ ထူးချွန်ဆုရရှိနိုင်မယ့် ရုပ်ရှင်အနုပညာရှင်၊ အတက်ပညာရှင်တွေက ခန့်မှန်းခဲ့တာဖြစ်ပါတယ်။
အဆိုပါ ဇာတ်ကားက ကံ၊ ကံ၏အကျိုးကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ရှိန် အနိမ့်အမြင့်၊ အတက်အကျတွေနဲ့ ပရိသတ်ရင်ကို ဖမ်းစားနိုင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
ထပ်ဆင့်အကယ်ဒမီ အလင်္ကာကျော်စွာ ပန်းချီစိုးမိုးက ၂၀၂၀ ပြည့်နှစ်အတွက် အကောင်းဆုံး ဒါရိုက်တာဆုကို “ကမ္မဖလ” ဇာတ်ကားနဲ့ အကယ်ဒမီ ရရှိမယ်လို့ ခန့်မှန်းကြတဲ့ ဒီဇာတ်ကားဟာ ပွဲခင်း ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး စာရေးဆရာ တင့်တယ်ရဲ့ စာပေဗိမာန်ဆုရ ဂန္တ၀င်၀တ္ထု စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားကို အကယ်ဒမီ ငြိမ်းမင်း(အညာသားငမိုး)က ဇာတ်ညွှန်းရေးသားပြီး ဒါရိုက်တာ ပန်းချီစိုးမိုးက သရုပ်ဆောင်တွေဖြစ်တဲ့ ပြေတီဦး၊ မင်းမော်ကွန်း၊ ဇင်ဝိုင်း၊ ရန်ကျော်၊ စိုးရန်အောင်၊ စိုးသီဟ၊ မိုးဟေကို၊ စိုးပြည့်သဇင်၊ အေးမြတ်သူ စတဲ့ အနုပညာရှင်တွေနဲ့ ရိုက်ကူး ပါဝင်သရုပ်ဆောင်ထားပါတယ်။