၆. ၅. ၂၀၂၃
MT News
၂၀၁၉ ခုနှစ်ထဲက ရုံတင်ပြသခဲ့တဲ့ “ ချည်”ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီး ရွှေသမီးက အမျိုးသမီးဇာတ်ပို့ အကယ်ဒမီဆုရနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။
မေလ ၆ ရက် ညပိုင်း နေပြည်တော်မှာ ကျင်းပမယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအကယ်ဒမီချီးမြှင့်ပွဲမှာ ထူးချွန်ဆုရရှိနိုင်ခြေရှိတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ ဇာတ်ကားတွေကို ခန့်မှန်းခဲ့ရာမှာ ရွှေသမီး ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွက် ရုပ်ရှင်ဇာတ်ကားဆု ၊ အမျိုးသားသရုပ်ဆောင်ဆု၊ အမျိုးသမီးသရုပ်ဆောင်ဆု၊ ဇာတ်ပို့ဆုတို့ကိုလည်း “ချည်” ဇာတ်ကားနဲ့ ရရှိနိုင်တယ်လို့ ခန့်မှန်းချက်တွေ ရှိနေခဲ့ပါတယ်။
အောင်တိုင်းကျော်ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ချည် ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း မင်းခိုက်စိုးစံနဲ့ ထက်မြက်နိုင်ဇင်ကရေးသားထားပြီး ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီနေတိုး၊ အကယ်ဒမီ သက်မွန်မြင့် နဲ့ ရွှေသမီးတို့နဲ့ အဓိက ရိုက်ကူးထားတာဖြစ်ပါတယ်။
သုံးပွင့်ဆိုင်အချစ်ဇာတ်ကားရဲ့ အမျိုးသမီး ဇာတ်ပို့ သရုပ်ဆောင်ဆုကို ရွှေသမီးက ရရှိနိုင်တယ်လို့ ခန့်မှန်းမှုတွေရှိသလို အခြား ပါဝင်ထားတဲ့ အဓိကဆုတွေကိုလည်း ရရှိနိုင်တယ်လို့ ပရိသတ်တွေက ကြိုတင်ခန့်မှန်းထားကြပါတယ်။
ဒီဇာတ်ကားကို စိတ်မခိုင်ဘဲ ခံစားချက်နဲ့ အလှအပနောက်လိုက်တတ်တဲ့ ယောင်္ကျားတစ်ယောက်အကြောင်း ၊ ကိုယ်ချစ်တဲ့ သူရဲ့ ခံစားချက်ကို ဦးစားပေးချင်တဲ့ မိန်းမတစ်ယောက်ရဲ့ကြားမှာ မရင့်ကျက်သေးတဲ့ ပညာတတ် ကောင်မ လေးတစ်ယောက် ဝင်လာတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ အဖြစ်အပျက် သဘောတရားတွေကို ပီပြင်စွာ ရိုက်ကူးတင်ဆက်ပေးထားတာလည်းဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ “မောင် အဆင်ပြေရဲ့လား” ဇာတ်ဝင်တေးကို လားဒင့်ထားရီက ပါဝင်အားဖြည့်သီဆိုထားတာဖြစ်ပါတယ်။