၄. ၅. ၂၀၂၃
Written by Pan Ei
WWE မှာ စတင်အသက်မွေးဝမ်းကြောင်းပြုခဲ့ပြီး ဟောလိဝုဒ်ရုပ်ရှင်နယ်ပယ်မှာ နာမည်ရလာခဲ့သလို ထိပ်တန်းမင်းသားတစ်ဦးဖြစ်လာခဲ့တဲ့ မင်းသား Vin Diesel ဟာ Marvel စူပါဟီးရိုးရုပ်ရှင်တွေထဲက ဇာတ်ကောင်တစ်ခုဖြစ်တဲ့ Groot နေရာမှာ နောက်ခံစကားပြော သရုပ်ဆောင်ရာမှာတော့ တစ်ကားကို စကားလုံး သုံးလုံးသာပြောဖို့လိုအပ်ပြီး တစ်ကားကို သရုပ်ဆောင်ကြေးအနေနဲ့ အမေရိကန်ဒေါ်လာ ၁၃ သန်း ရရှိခဲ့ပါတယ်။
Groot ဟာ Marvel ရုပ်ရှင်တွေမှာ ပုံမှန်မြင်တွေ့ရတဲ့ ဇာတ်ကောင်မဟုတ်ပေမဲ့ သူ့ရဲ့အမှတ်ရစရာ မြင်ကွင်းတွေ၊ စွဲမက်ဖွယ်ကောင်းတဲ့ ဒိုင်ယာလော့လေးနဲ့ ချစ်စဖွယ် ကိုယ်ရည်ကိုယ်သွေးတွေက သူ့ကို လူတိုင်းရဲ့ အချစ်တွေကို ရစေခဲ့ပါတယ်။ သူဟာ Marvel ယူနီဗာစ့်မှာ သြဇာအရှိဆုံး စူပါဟီးရိုး မဟုတ်ပေမဲ့လည်း ပရိသတ်တွေအပေါ်မှာတော့ အတော်လေး အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ အသေအချာပါပဲ။
“I Am Groot” လို့ပဲ ပြောတဲ့ Groot နေရာမှာ အသံသရုပ်ဆောင်ခဲ့တဲ့ Vin Diesel ကတော့ ဇာတ်ကားတစ်ကားမှာ စကားလုံး ၃ လုံးသာ ပြောဖို့ လိုအပ်ပြီး အသံသရုပ်ဆောင်ကြေးအနေနဲ့ တစ်ကားကို အမေရိကန်ဒေါ်လာ ၁၃ သန်း ရရှိကာ Groot နေရာမှာ ပါဝင်အသံသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၄ ဒသမ ၅ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။
Marvel ဇာတ်ကား ၆ ကားမှာ စကားသုံးလုံးပြောရုံနဲ့ အခကြေးငွေများစွာရနိုင်တယ်လို့ ထင်ရပေမဲ့လည်း Vin Diesel ရဲ့ အသံသရုပ်ဆောင်ဟာ ပရိသတ်တွေအတွက် Groot ဖန်တီးရာမှာတော့ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။
Chris Pratt၊ Zoe Saldana နဲ့ အခြားသရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပြီး Groot ဇာတ်ကောင်ပါဝင်ဦးမယ့် Guardians of the Galaxy Vol 3 ကို မနက်ဖြန် မေလ ၅ ရက်နေ့မှာ နိုင်ငံတကာက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။
Ref; Koimoi