◾️အရွယ်မရောက်သေးသူများကို ချောင်းဦးပကဖက သက်ငယ်မုဒိမ်းပြုကျင့်သ-တ်ဖြတ်မှု NUG အကာအကွယ်ပေးထားပြီး သ-တ်ဖြတ် ဟုသာ သုံးနှုန်း၍ သတင်းထုတ်ပြန်
၄. ၅. ၂၀၂၃
Written by Nay Moe
NUG ဩဇာခံချောင်းဦးပကဖများက အရွယ်မရောက်သေးသည့်အမျိုးသမီးများအပါအဝင် ခုနစ်ဦးကို သက်ငယ်မုဒိမ်းပြုကျင့်သ-တ်ဖြတ်မှု အရေးယူမည်ဟု NUG က ယနေ့တွင် ထုတ်ပြန်ချက်ထုတ်သော်လည်း ချောင်းဦးပကဖများ၏ ပြုမူပုံအပြည့်အစုံဖော်ပြမှုမရှိဘဲ အရွယ်မရောက်သေးသူများကို ချောင်းဦးပကဖက သက်ငယ်မုဒိမ်းပြုကျင့်သ-တ်ဖြတ်မှုကို NUG က အကာအကွယ်ပေးထားပြီး သ-တ်ဖြတ် ဟုသာ သုံးနှုန်း၍ သတင်းထုတ်ပြန်ထားသည်။
NUG ဩဇာခံချောင်းဦးပကဖများမှာ ချောင်းဦးမြို့နယ်၊ …………ရပ်/ကျေးပကဖတာဝန်ခံ ရန်မျိုးအောင် (ခ) နိုင်မျိုးဇော် (ခ) ပြူးကြီးနှင့် သူ့လက်အောက်မှ ရဲဘော် ဇော်ဝင်းနိုင်၊ သူရ၊ နောင်နောင်တို့က စစ်ကိုင်းမြို့နယ် ပဲကုတိုးကျေးရွာမှ မမြင့်မိုရ်အေး (၁၅)နှစ်၊ မဖြူချစ် (၁၇)နှစ်၊ မစန်းစန်းငယ် (၁၉)နှစ်၊ မဇင်ဇင်မော် (၂၁)နှစ်၊ မောင်အောင်ကိုစန်း (၁၅)နှစ်၊ မောင်သက်ပိုင်ဦး (၁၆)နှစ်၊ ကရင် (၂၆)နှစ် တို့ ခုနစ်ဦးကို ၂၀၂၂ ခုနှစ် ဩဂုတ် ၃၀ တွင် သက်ငယ်မုဒိမ်းပြုကျင့်သတ်ဖြတ်ခဲ့ကြောင်းကို MT News သတင်းဌာနက အောက်ပါလင့်ခ်တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။
ထို့ပြင် အရွယ်မရောက်သေးသည့် အမျိုးသမီးများအပါအဝင် အပြစ်မဲ့ပြည်သူခုနစ်ဦးကို NUG ဩဇာခံပကဖများက သက်ငယ်မုဒိမ်းပြုကျင့်သ-တ်ဖြတ်ကြောင်း ဝန်ခံထားပြီးဖြစ်သဖြင့် အရပ်ဘက်အဖွဲ့အစည်းရှစ်ခုက အရေးယူပေးရန်တောင်းဆိုမှုကိုလည်း MT News သတင်းဌာနက အောက်ပါလင့်ခ်တွင် ဖော်ပြထားပြီးဖြစ်သည်။
သို့သော် NUG အနေဖြင့် လက်အောက်မှ ဩဇာခံချောင်းဦးပကဖများကို အကာအကွယ်ပေးသည့်အနေဖြင့် သက်ငယ်မုဒိမ်းပြုကျင့်မှုကို ဖျောက်ဖျက်ကာ အပြစ်မဲ့ပြည်သူခုနစ်ဦးကို သ-တ်ဖြတ်သည်ဟုသာ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
NUG ၏ ထုတ်ပြန်ချက်တွင် “၁။ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၌ အကြမ်းဖက်စစ်ကောင်စီ၏ သတင်းပေးဖြစ်သည်ဟု သတင်းရရှိချက်အရ အရွယ်ရောက်ပြီးသူ ကျား ၁ ဦး၊ အရွယ် မရောက်သေးသူ ကျား ၂ ဦး၊ အရွယ်ရောက်ပြီးသူ မ ၁ ဦး၊ အရွယ်မရောက်သေးသူ မ ၃ ဦး၊ စုစုပေါင်း ၇ ဦးတို့အား ချောင်းဦးမြို့နယ်ရှိ ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တာဝန်ခံနှင့်အဖွဲ့က ဖမ်းဆီးခဲ့ပါသည်။ ထို့နောက် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင် ဥပဒေမဲ့ သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိပါသည်။ ၂။ ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံပါ ၄ ဦးတို့အား မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့တွင် ချက်ချင်းဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့၊ နံနက်ပိုင်းတွင် ကြွင်းကျန်ရစ်သော ရုပ်အလောင်းများကို တူးဖော်၍ လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။ ၃။ အဆိုပါ ဖမ်းဆီးထိန်းသိမ်းခဲ့သူများအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ချောင်းဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ လွှဲပြောင်းခဲ့ပြီး မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က အမှုဖွင့်ခြင်း၊ သီးခြားနေရာတွင် ထိန်းသိမ်းထားရှိခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန အနေဖြင့်လည်း အဆိုပါဖြစ်စဉ်နှင့်ပတ်သက်သော တိုင်ကြားစာ ရရှိသည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့မှ ရက်သတ္တ(၁)ပတ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာန၊ ဒေသဆိုင်ရာပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ဖြင့် ပူးပေါင်းဆောင်ရွက်၍ ယင်းအမှုကိစ္စအား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် လုပ်ဆောင်ခဲ့ပါသည်။ ၅။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အဆိုပါ ဖြစ်ရပ်သည် စစ်သည်တော်ကျင့်ဝတ် စည်းမျဉ်းများ(Code of Conduct)နှင့် မညီညွတ်သည့်အပြင် လူ့အခွင့်အရေး၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများအပေါ် ချိုးဖောက်ရာကျသည့်အတွက် စစ်ဘက်/အရပ်ဘက် တရားစီရင်ရေး လမ်းကြောင်းများမှတဆင့် အမှုမှန်ပေါ်ပေါက်ရေးနှင့် ဥပဒေနှင့်အညီ အမြန်ဆုံး အရေးယူဆောင်ရွက်နိုင်ရေးကို တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အရေးယူဆောင်ရွက်မှု အခြေအနေကို အသိပေးထုတ်ပြန်သွားမည်ဖြစ်ပါသည်။ ၆။ အမျိုးသားညီညွတ်ရေးအစိုးရသည် တရားဥပဒေစိုးမိုးရေးအတွက် ပြစ်မှုကျူးလွန်သူ မည်သူ့ကိုမဆို ကျောသားရင်သားမခွဲခြားဘဲ တည်ဆဲဥပဒေများနှင့်အညီ အရေးယူအပြစ်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။” ဟု ချောင်းဦးပကဖများ၏ သက်ငယ်မုဒိမ်းပြုကျင့်သတ်ဖြတ်မှုကို ထိမ်ချန်အကာအကွယ်ပေး ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရသည်။