တရုတ်-မြန်မာစီးပွားရေးစင်္ကြံနှင့်ချိတ်ဆက်မည့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်ပေးသွားမည်
၄. ၅. ၂၀၂၃
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်ပိုင်လမ်းကြောင်းကိုရှာဖွေရာတွင် ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang က ထုတ်ဖော်ပြောဆိုလိုက်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် မေလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံကိုလာရောက်ခဲ့ကာ နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံတကာအဖွဲ့စည်းများအနေဖြင့်လည်း မြန်မာနိုင်ငံ၏ အချုပ်အခြာကိုလေးစားသင့်ပြီးငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိစေရန် အပြုသဘောဆောင်သောအခန်းကဏ္ဍက ကူညီပေးသင့်ကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
ထို့အပြင် မြန်မာပြည်သူများ၏အကျိုးစီးပွားအတွက် မြန်မာနိုင်ငံ၏ ကျန်းမာရေး၊ ပညာရေးနှင့် စိုက်ပျိုးရေးကဏ္ဍတို့တွင် စီမံကိန်းများအကောင်ထည်ဖော်ရန်နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံနှင့်ချိတ်ဆက်မည့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
နိုင်ငံတကာအဖွဲ့စည်းများအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာကို လေးစားရမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင်အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးရရှိစေရန်အတွက် ကူညီပေးရမည်ဖြစ်ကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးက”တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ သင့်တော်ကိုက်ညီမှုရှိမယ့်ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ရရှိစေဖို့ ကူညီထောက်ပံ့ပေးသွားမှာပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုတွေ ပိုမိုကောင်းမွန်စေဖို့ ကူညီထောက်ပံ့ပေးမှာဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ ဥပဒေမူဘောင်များအတိုင်း အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိစေဖို့ ကြိုးပမ်းသွားမှာဖြစ်သလိုအဖွဲ့စည်းများကြား မတူကွဲပြားမှုတွေကို ဖြေရှင်းနိုင်ဖို့ ထောက်ခံပေးသွားမှာဖြစ်ပါတယ်” ဟုထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား အပြန်အလှန်ဆက်ဆံရေး ပိုမိုကောင်းမွန်စေရန်အတွက် ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ၎င်း၏ခရီးစဉ်အတွင်း ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရသည်။
Ref ——alarabiya