MT News
၃. ၅. ၂၀၂၃
အကျဥ်းထောင်အသီးသီးတွင် သေဒဏ်ကျခံနေရသူ ၃၈ ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းပြစ်ဒဏ်များသို့ ပြောင်းလဲလိုက်ပြီး သက်ညှာခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် အကျဉ်းထောင်အသီးသီးတွင် သေဒဏ်ချမှတ်ခြင်းခံထားရသော အကျဉ်းသား/သူ (၃၈) ဦးကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) အရ ချမှတ်ထားသည့် သေဒဏ်ပြစ်ဒဏ်မှ လွတ်ငြိမ်း ခွင့်ပြု၍ ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲကျခံစေလိုက်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
SAC ဥက္ကဋ္ဌသည် ယနေ့ကျရောက်သော ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံရေးပုဒ်မဟုခေါ်ဆိုသော ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ်ကျခံနေရသူ ၂၁၃၅ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည်။