၂၆. ၄. ၂၀၂၃
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီး ဝေဇယန္တာထိပ်တွင် ယမန်နေ့ ဧပြီလ ၂၅ရက်ည ၉ နာရီ ၁၅ မိနစ် ဝန်းကျင်အချိန်ခန့်က စက်ဘီးနှင့်ကားတိုက်မှုဖြစ်ပွားပြီး လူတစ်ဦးသေဆုံးခဲ့ကြောင်း သာကေတမြို့နယ် လူမှုကူညီရေးအသင်းမှ သိရသည်။
အဆိုပါယာဥ်တိုက်မှုကြောင့် စက်ဘီးစီးနင်းလာသူ အမျိုးသားမှာ နေရာတွင်သေဆုံးပြီး ယာဥ်မောင်းသူမှာ အနည်းငယ် ပွန်းပဲ့ ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။
“ယာဥ်မောင်းလည်း မပြေးပါဘူး။ သက်ဆိုင်ရာက ဖမ်းမိပါတယ်။ စက်ဘီးက လမ်းကြားကနေဖြတ်ထွက်လာတာမှာ လမ်းကြောမှန်ပေါ်ကနေမောင်းနေတဲ့ ကားနဲ့ တိုက်မိတာပါ”ဟု သာကေတမြို့နယ်လူမုကူညီရေးအသငိးမှ တာဝန်ရှိသူက MT News သို့ပြောသည်။
ယာဥ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူ အသက်(၃၀)ဝန်းကျင်ခန့် လူနာအမျိုးသားတစ်ဦးအား မိတ်ဖက်ပရဟိတအသင်းများနှင့် ပူးပေါင်းကာ မြေပြင်ကုသမှုပေးပြီး အသက်(၂၀)ဝန်းကျင်ခန့် ကျား-၁ဦး(သေဆုံး)အား အောင်နိုင်သူလူမှုကူညီရေးအသင်းကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်းသိရသည်။