၂၆. ၄. ၂၀၂၃
Written By Thandar
၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂ ခုနှစ်တွေ အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲမှာ ပွဲတက်ရောက်လာတဲ့ မြန်မာ့ရုပ်ရှင် အနုပညာရှင် ၄ ဦးကို Fashion Award ဆု ပေးအပ်သွားမယ်လို့ သိရပါတယ်။
ဒီဆုတွေနဲ့ ပတ်သက်ပြီး ပထမဆုံး ချီးမြှင့်ပေးသွားမယ့် “MYANMAR ACADEMY FASHION AWARD / မြန်မာ့အကယ်ဒမီဖက်ရှင်ဆု” တွေကတော့ အကောင်းဆုံးအမျိုးသား ဝတ်စားဆင်ယင်မှုအကြီးတန်းဆု၊ အကောင်းဆုံးအမျိုးသမီး ဝတ်စားဆင်ယင်မှုအကြီးတန်းဆု၊ အကောင်းဆုံး ဝတ်စားဆင်ယင်မှုအမျိုးသားဆုနဲ့ အကောင်းဆုံး ဝတ်စားဆင်ယင်မှုအမျိုးသမီးဆု စတဲ့ ဆု ၄ ဆုကို ပေးအပ်သွားမှာဖြစ်ပါတယ်။
“MYANMAR ACADEMY FASHION AWARD / မြန်မာ့အကယ်ဒမီဖက်ရှင်ဆု” ကို ဒီဇိုင်နာတွေအနေနဲ့ လူတကာငေး၊ မြင်သူတိုင်းနှစ်သက်၊ အဆင်ဒီဇိုင်းဆန်းသစ်ပြီး ကာလာလိုက်ဖက်မှုရှိနေတဲ့ ဝတ်စုံဖြစ်ရမှာဖြစ်ပါတယ်။ သတ်မှတ်ချက်တွေအနေနဲ့က ဆန်းသစ်တီထွင်ထားတဲ့ မြန်မာဝတ်စုံဖြစ်ဖို့နဲ့ မြန်မာ့ယဉ်ကျေးမှုစံချိန်နဲ့အညီ ချုပ်လုပ်ထားတဲ့ ဝတ်စုံဖြစ်ရပါမယ်။
အထူးသတိပြုရမှာကတော့ ခန္ဓာကိုယ်အသားပေးချုပ်လုပ်ထားတဲ့ ဝတ်စုံမျိုးလုံးဝမဖြစ်ရပါဘူး။ (Like, Love) React ပေးသူတွေကိုသာ Count လုပ်သွားမှာဖြစ်ပြီး (Angry, Sad) React ပေးသူတွေကို Uncount လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
Fashion Award ဆုရရှိတဲ့သူတွေကို မေလ ၆ ရက် ည (၆) နာရီခွဲမှာ အကုန်လုံးအမှတ်ပေါင်းပြီး ဆုပေးမှာဖြစ်တဲ့အတွက် ည (၆) နာရီခွဲ မကျော်ခင်နောက်ဆုံးထား၊ React ပေးကြဖို့ တောင်းဆိုထားပါတယ်။ မှတ်ချက်အနေနဲ့ Fashion Award ဆုအနေနဲ့ အငြင်းပွားမှုတစ်စုံတစ်ရာရှိမယ်ဆိုရင် တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်ကိုသာ အတည်သွားမယ်လို့ ဆိုပါတယ်။ ဒီ ဖက်ရှင်ဆုဟာ “ရာပြည့်မှသည် ရှေ့သို့ချီ” မြန်မာ့အကယ်အမီဖက်ရှင်ဝတ်စုံဆုလို့လည်း ဆိုပါတယ်။