၂၅. ၄. ၂၀၂၃
Written By Thandar
တစ်ချိန်က အောင်မြင်မူများစွာရရှိခဲ့တဲ့ သရုပ်ဆောင် လင်းဇာနည်ဇော်ဟာ အနုပညာအလုပ်တွေ ရပ်နားထးတာ ကြာပြီဖြစ်တဲ့အတွက် “အမှတ်တရနွေ” ဇာတ်ကားပြန်ရိုက်ကူးရတာ အသစ်တစ်ယောက်လိုပြန်ဖြစ်နေတယ်လို့ ရင်ဖွင့်လာပါတယ်။
“မလင်း နားထားတာအရမ်းကြာနေပြီမို့ ဒီကားလေးက ရိုက်ကူးချိန်မှာ ကိုယ့်ဘာသာ အသစ်လို ဖြစ်သွားတယ်။ ဇာတ်လေး လက်ထဲရောက်တော့ ဖတ်ကြည့်ချိန်မှာ ဇာတ်ကတငြိမ့်ငြိမ့် တသိမ့်သိမ့် ဇာတ်လေးမို့ မလင်း အရမ်း သဘောကျသွားတယ်။ အိမ်မှာကျန်းမာရေး မကောင်းတဲ့သူတွေရှိတော့ အိမ်ကို ပြင်ဦးလွင် ထွက်ရိုက်ဖို့ ခွင့်တောင်းပြီး ရိုက်ဖြစ်သွားတယ်။ ရိုက်ကူးရေးအရင်လုပ်ခဲ့ပေမယ့် နားထားတာကြာတော့ အပြင်မှာ စိတ်ခံစားချက်တွေ အများကြီးရှိတယ်။ ဒီခံစားမူတွေကို အရင်ဖျောက်ပစ်ရတယ်”လို့ သရုပ်ဆောင် လင်းဇာနည်ဇော်ကပြောပါတယ်။
သူမရဲ့ မိသားစုမှာ အမေ၊ အမနဲ့ အကိုဖြစ်သူက ရောဂါသည်တွေဖြစ်နေတဲ့အတွက် ဇာတ်ကားရိုက်ကူးမူအပိုင်းကို နားခဲ့ရတယ်လိုဆိုပါတယ်။ လက်ရှိ ဧပြီ ၂၃ ရက်ကစ ထုတ်လွှင့်နေပြီဖြစ်တဲ့ “အမှတ်တရနွေ” ဇာတ်လမ်းတွဲဟာ လင်းဇာနည်ဇော် ပထမဆုံးပြန်ရိုက်တဲ့ ကားဖြစ်တဲ့အတွက် လိုအပ်ချက်တွေ ရှိကောင်းရှိနိုင်ပေမဲ့ အတတ်နိုင်ဆုံးတော့ အကောင်းဆုံးကြိုးစားအားထုတ်ထားတယ်လို့ ဆိုပါတယ်။
“ဒီကားထဲမှာ မလင်းက စာရေးဆရာမ ဒေါ်စန္ဒီနေရာ တူမလေး မေစီ(ခ)သိမ်မွေ့သံစဥ်ကို သမီးအရင်းလို ချစ်တယ်။ တူမလေးကလည်း မလင်းကို အရမ်းစိမ်းနေတယ်။ ဖြစ်ချင်တော့ သမီးလေးက ကားအက်စီးဒန့်ဖြစ်သွားတယ်။ စိတ်လည်းအရမ်း မကောင်းဖြစ်ပြီး သူ့ကို မေတ္တာပေးဖြစ်သွားတယ်၊ ဒီကားထဲက Chemistry မိဖို့ အပြင်မှာ ပိုရင်းနှီးမှုယူခဲ့ရတယ်။ အဲဒီနွေးထွေးမှုလေးတွေက အရမ်းခိုင်မြဲသွားခဲ့တာပါ ”လို့ သူမက ဆက်ပြောပါတယ်။