MT News
Written by Nay Moe
ရဲတပ်ဖွဲ့ဝင်များနှင့် ဂိတ်စခန်းများကို တိုက်ခိုက်သ-တ်ဖြတ်မှုများပြုလုပ်နေသည့် ခရမ်း PDF ၆ ဦး ဖမ်းဆီးခံထားရသည်ဟု PDF(Khayan) က ဧပြီ ၂၃ ရက်တွင် အရေးပေါ် ကြေညာချက်ထုတ်ပြန်ထားသည်။
ဖမ်းဆီးခံထားရသော PDF(Khayan) အဖွဲ့ဝင်များမှာ၊ ရဲဘော် ရနောင်၊ ရဲဘော် မှေးကြီး၊ ရဲဘော် ဗိုက်ကလေး၊ ရဲဘော် သာလိကာ၊ ရဲဘော် စာကလေး၊ ရဲဘော် DK တို့ဖြစ်ပြီး ဧပြီ ၂၂ ရက်တွင် ဖမ်းဆီးခံထားရခြင်းဖြစ်သည်။
PDF(Khayan) အဖွဲ့သည် ခရမ်းမြို့နယ်အတွင်း တိုက်ခိုက်သတ်ဖြတ်မှုများပြုလုပ်နေသော အဖွဲ့ဖြစ်ပြီး ဧပြီ ၁၄ ရက်တွင် ခရမ်းမြို့နယ်လဝကရုံးအား ဝင်ရောက်တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး သေနတ်နှစ်လက် ရရှိခဲ့ကြောင်း၊ ဧပြီ ၁၀ ရက်တွင် ပိန်းကန်ရဲစခန်းအား ၈၁ မမ ဗုံးသီးနှစ်ချက်ဖြင့် ပစ်ခတ်ခဲ့ပြီး လခရများသေဆုံးမှုရှိနိုင်ကြောင်း၊ ဧပြီ ၃ ရက်တွင် ကရင်ကန်ဂိတ်၊ သစ်တောဂိတ်နှင့် ပိန်းကန်ရဲစခန်းတို့ကို တိုက်ခိုက်ခဲ့ကြောင်း၊ မတ်လ ၃၀ တွင် သုံးဆယ်မြို့နယ်မှ အစည်းအဝေးတက်ပြန်လာသော ရဲတပ်ဖွဲ့နှစ်ဦးကို တိုက်ခိုက်သတ်ဖြတ်ခဲ့ကြောင်း စသည်ဖြင့် တိုက်ခိုက်မှုများ ပြုလုပ်နေသော အဖွဲ့ဖြစ်သည်။