၁၉. ၄. ၂၀၂၃
Written by Nay Moe
ကရင်ပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတွင် ဧပြီလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် ၂ ရက်တာ တိုက်ပွဲအတွင်း ကရင်နီတပ်မတော် (KA)မှ ရဲဘော်တစ်ဦး ကျခဲ့ကြောင်း Karenni Information Center (KNIC) က ယနေ့ ထုတ်ပြန်သည်။
တပ်ဘက်မှ လက်နက်ကြီးအမြောက်အများဖြင့် ပစ်ခတ်နေသလို ဧပြီလ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တွင်လည်း လေကြောင်းအသုံးပြု တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု KA တပ်ဖွဲ့ဝင်များက သတင်းပေးပို့သည်။
အဆိုပါ တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့ဝင်များ ဖြစ်ကြသည့် KA ၊ KNDF B/10 ၊ B/05၊ B/06 ၊ B/01 ၊ B/16 ၊B/15 ၊ KNDF ETD ၊ လွိုင်ကော် PDF တို့မှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိတာသည်လည်း ရှိနေပြီး တပ်ဘက်မှ ထိခိုက်မှုအခြေအနေ အသေးစိတ်ကို မသိရှိရသေးကြောင်း သိရသည်။