၁၈. ၄ .၂၀၂၃
Written by Hey Mar
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဓာတ်ဆီကိုင်၍ အလုပ်လုပ်နေသူကို ခြောက်လှန့် စနောက်ရာမှ စနောက်ခံရသူ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦး မတော်တဆမီးလောင်ကျွမ်းခံရမှုတစ်ခု ဧပြီလ ၁၈ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ လွယ်တော်ခမ်း-ညောင်လွတ် သက်တော်ရှည် ဘုန်းကြီးကျောင်းအနီးတွင် အသက် ၃၀ နှစ်အရွယ် ကိုဖိုးခွားသည် ဆိုင်ကယ်ဆီဖြည့်ရန် လုပ်ကိုင်စဥ် အနီးရှိ သူငယ်ချင်းဖြစ်သူမှ ဆေးလိပ်မီးဖြင့် စနောက်ရာက ဆီဖိတ်စင်ကာ မီးပွားထိသဖြင့် ကိုဖိုးခွား၏ ခန္ဓာကိုယ်အား မီးလောင်မှု ဧပြီလ ၁၈ ရက်တွင် နေ့လည် ၃ နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်အခြေစိုက် ဦးလှမိုးပရဟိတအသင်းမှသိရသည်။
အဆိုပါ စနောက်မှုကြောင့် ကိုဖိုးခွား ဆိုသူသည် နောက်ကြော၊ မျက်နှာ၊ လက်၊ ခြေ၊ ဝမ်းဗိုက်တို့တွင် မီးလောင်ဒဏ်ရာများရရှိခဲ့ပြီး တာချီလိတ်ပြည်သူ့ ဆေးရုံကြီးသို့ ဦးလှမိုး ပရဟိတအသင်းမှ သူနာတင်ယာဥ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။