၁၈. ၄. ၂၀၂၃
Written by Nay Aung
ထိုင်း စွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်သော PTTEP သည် ဇောတိက ကမ်းလွန်ရေနံလုပ်ကွက် စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေး အဆင့်အသစ်တွင် ပြန်လည်လုပ်ကိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်အာဏာပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေသော ပြည်ပကုမ္ပဏီများ ဖိအားများနှင့် ရင်ဆိုင်နေရချိန်တွင် ဘန်ကောက်မြို့အခြေစိုက် စွမ်းအင် ကုမ္မဏီက ဇောတိက ကမ်းလွန်ရေနံလုပ်ကွက် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအသစ်တွင် ပါဝင်လုပ်ကိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာဖိအားများကြောင့် မြန်မာ့ စွမ်းအင်နှင့်ရေနံလုပ်ကွက်တွင် ပါဝင်လုပ်ကိုင်နေသော ပြည်ပအခြေစိုက်ကုမ္ပဏီအချို့ လုပ်ငန်းများ ပြန်လည်ရုတ်သိမ်းမှုများလည်းရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေသော ပြည်ပ ကုမ္ပဏီကြီးနှစ်ခုထဲတွင် ထိုင်းအခြေစိုက် PTTEP ပါဝင်လျက်ရှိနေကြောင်း သိရသည်။
PTTEP စွမ်းအင်ကုမ္ပဏီအပြင် တောင်ကိုရီးယားအခြေစိုက် Posco ကုမ္ပဏီသည်လည်း မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်လျက်ရှိနေကြောင်း သိရသည်။ Posco ကုမ္ပဏီသည် ရွှေ ရေနံနှင့်သဘာဓာတ်ငွေ့လုပ်ကွက်တွင်အဓိကအော်ပရေတာအဖြစ် လုပ်ကိုင်လျက်ရှိနေကြောင်း သိရသည်။
အာဏာထိန်းသိမ်းပြီးနောက်ပိုင်း ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်းကို နစက က တာဝန်ယူလုပ်ကိုင်လျက်ရှိနေရာ အဆိုပါလုပ်ငန်းတွင်ရင်းနှီးမြှုပ်နှံခြင်းက နစကကို ဝင်ငွေများ ပိုမိုရရှိစေရန် ဖန်တီးပေးသလိုဖြစ်လာဖွယ်ရှိနေကြောင်းနိုင်ငံတကာ လူအခွင့်အရေးအဖွဲ့စည်းများက ဝေဖန်ထားသည်။
Ref—-upstreamonline