၁၈. ၄. ၂၀၂၃
Written by Min Mahar
ယနေ့မနက်ပိုင်းက ငါန်းဇွန်မြို့နယ်ရှိ ကုလကျေးရွာအုပ်ချုပ်ရေးမှူးကို မတွေ့၍ဟုဆိုပြီး အငြိုးဖြင့် ဖခင်ဖြစ်သူအား PDF အဖွဲ့ဝင် ၂ ဦးက ပစ်သတ်မှုဖြစ်စဥ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကုလကျေးရွာတွင် ယနေ့ဧပြီလ ၁၈ ရက် မနက် ၈ နာရီခန့်က အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူး၏ အသက် ၆၂ နှစ်အရွယ်ခန့်ရှိသောဖခင်ဖြစ်သူသည် ကျေးရွာအရှေ့ဘက်ရှိ ၎င်းပိုင်လယ် တော၌ မိသားစုနှင့်အတူ လုပ်ငန်းလုပ်ကိုင်နေစဥ် ဆိုင်ကယ်တစ်စီးဖြင့် PDF အဖွဲ့ဝင် ၂ ဦးရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကိုမတွေ့၍ဟုဆိုပြီး အငြိုးဖြင့် သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါပစ်ခတ်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူး၏ ဖခင်ဖြစ်သူသည် ဦးခေါင်းအား သေနတ်ထိမှန်ဒဏ်ရာ ၃ ချက်ရရှိပြီးအခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယခုအသတ်ခံရသူသည် ကုလကျေးရွာအုပ်ချုပ်ရေးမှုး၏ ဖခင်ဖြစ်ပြီး အုပ်ချုပ်ရေးမှူးမှာမူ လုံခြုံရေးအခြေအနေအရ ကုလကျေးရွာတွင်မနေဘဲ အခြားသို့တိမ်းရှောင်နေရာ သားဖြစ်သူအား ရှာမတွေ့၍အငြိုးဖြင့် ဖခင်ဖြစ်သူအား PDF အဖွဲ့ဝင် ၂ ဦးက သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။