၁၈. ၄. ၂၀၂၃
Written By Thandar
Stars & Models Int’l Yangon Myanmar ရဲ့ Modelling Class နဲ့ အခြေခံသရုပ်ဆောင်သင်တန်း တန်းခွဲ အသစ်မှာ ထူးခြားချက်တစ်ခုအနေနဲ့ Plus Size Model တွေကို တွဲသင်ပေးသွားမယ်လို့ Stars & Model’s Int’l Yangon Myanmar တည်ထောင်သူ ကိုဂျွန်လွင်က MT News ကို ပြောပါတယ်။
“အဓိကတော့ Plus Size တွေလည်း လူတွေထဲက လူတစ်ယောက်လည်းဖြစ်တယ်။ အခုနောက်ပိုင်းမှာ ကမ္ဘာမှာလည်း Plus Size model တွေသုံးလာကြပြီလေ။ မြန်မာပြည်မှာ Plus Size တွေက ခေတ်မစားသေးတာပါ။ သင်တန်းတက်ချင်သူတွေ အားလုံး လာတက်နိုင်ပါတယ်။ ဝတဲ့သူဆိုရင် အင်္ကျီကြော်ငြာ ဝတ်ရိုက်တဲ့ Model လို့လည်း မြန်မာပြည်မှာမရှိသေးဘူး။ ကိုယ့်ဆီက ဝနေလို့ မလှဘူး၊ ဘာဖြစ်တယ် ညာဖြစ်တယ် ဝေဖန်ခံရတယ်။ လက်ရှိ အဓိက Growing Courses ဆိုတာ ကမ္ဘာမှာ အရမ်းခေတ်စားတယ်။ လူတွေက နေထိုင်သွားတတ်လာတတ်အောင် လုပ်ကြတယ်။ မြန်မာပြည်မှာက Modelling Courses က ပိုခေတ်စားနေတယ်။ ဒါကြောင့် Model သင်တန်းမှာပဲ တွဲသင်ပေးမယ်”လို့ ဆိုပါတယ်။
ဒီသင်တန်းကို လာမယ့် မေလ ၁ ရက်မှာ ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းသားဦးရေ ၃၀ သာ လက်ခံမှာဖြစ်သလို သင်တန်းကြေးကို ကျပ် ၁၅၀၀၀၀ နှုန်းသတ်မှတ်ထားတယ်လို့ သိရပါတယ်။ သင်တန်းအပ်လိုသူတွေက မတ်လ ၂၁ ရက်ကနေ မေလ ၁ ရက်အထိ နံနက် ၁၀ နာရီကနေ ၁၂ နာရီအတွင်းမှာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း ၊ Between Pearl Condo & SONY Showroom အမှတ် (၉၀)၊ ၈လွှာ၊ အခန်း(A/B) တို့မှာ စာရင်းသွင်းအပ်နှံနိုင်သလို Online Website http://www.starmodelagencymyanmar.com Email: [email protected] ကတစ်ဆင့်လည်း အပ်လို့ ရတယ်လို့ ဆိုပါတယ်။ သင်တန်းကာလ ရက်၂၀ မှာ လူဦးရေကလည်း သတ်မှတ်ထားတာထက် လာအပ်သူတွေက ပိုများတာတွေရှိတော့ ကျား ၊ မ သီးသန့်ခွဲသင်ကြားပေးဖို့လည်း စီစဥ်ထားတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့က ဒီကာလမှာ လူတိုင်းတက်နိုင်အောင် သင်တန်းကြေးကို ကျပ် ၁၅၀၀၀၀ ပဲယူထားတယ်။ ဖက်ရှင်ကျကျနဲ့ သွားတတ်လာတတ်အောင် စမတ်ကျကျ ဓာတ်ပုံရိုက်တတ်အောင်ရော သင်ပေးမယ်။ မော်ဒယ်လ်လုပ်မှရယ် မဟုတ်ပါဘူး။ လူတိုင်းတတ်ထားသင်တဲ့ ပညာရပ်လည်းဖြစ်ပါတယ်”လို့ သူက ဆက်လက်ပြောပါတယ်။
သင်တန်းကာလပြီးသွားချိန်မှာ အမှန်တကယ် အရည်အချင်းရှိတဲ့ မော်လ်ဒယ်တွေကို ရွေးထုတ်ပြီး ရုပ်ရှင် ၊ TV Series ၊ ကြော်ငြာ ၊ မဂ္ဂဇင်း ၊ ဂျာနယ် အတွက် ရိုက်ကူးရေးမှာ လိုအပ်သလို အသုံးပြုပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။