MT News
Written By Thandar
အိန္ဒိယနိုင်ငံမှာ ကျင်းပတဲ့ Miss Supermodel Worldwide 2023 Grand Final ပြိုင်ပွဲမှာ မြန်မာအလှမယ် အိအိမြင့်အောင်သိန်းက Miss Supermodel Asia 2023 Winner ဆုနဲ့ Face of The Year award ဆုတို့ကို ဆွတ်ခူးရရှိခဲ့ပါတယ်။
ဒီပြိုင်ပွဲကို ဧပြီ ၁၅ ရက်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာစတုတ္ထအကြိမ်မြောက်ကျင်းပခဲ့တာဖြစ်ပြီး Special Award ဆုတစ်ဆုဖြစ်တဲ့ Face of The Year award ဆုကိုလဲ ရရှိခဲ့ပါတယ်။
“ညီမအနေနဲ့ ကိုယ့်မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ခဲ့ပါတယ်။ အခုလို Asia -Myanmar အတွက် Miss Supermodel Asia 2023 Winner ဆုနဲ့ Face of The Year award ဆုကို ရလို့လည်း ပီတိဖြစ်ရပါတယ်။ ကိုယ့်နိုင်ငံအတွက်လည်း ဂုဏ်ယူမိပါတယ်”လို့ မြန်မာအလှမယ် အိအိမြင့်အောင်သိန်းက ပြောပါတယ်။
National costume ပြိုင်ပွဲမှာ သူမဝတ်ဆင်ယှဥ်ပြိုင်ခဲ့တာက ဒေါင်းမင်းသမီးလေး စောင်းတီးနေတဲ့ဟန်ပန်ကိုပုံဖော်ပေးထားတာက နာမည်ကျော် Desinger Mogok Pauk Pauk ရဲ့ ကျပ် သိန်း၃၀၀ တန်ဖိုးရှိဝတ်စုံလို့ သိရပါတယ်။
Miss အိအိမြင့်အောင်သိန်းက ဧပြီ ၁၀ ရက်မှာ ကျင်းပခဲ့တဲ့ Talent Show မှာ အိန္ဒိယမိန်းမအကျဥ်းထောင်မှာ Save Girls Child & Stop Women Voilence Camping အတွက် သွားရောက်စဥ် ပြိုင်ပွဲဝင်များထဲက ၄ နိုင်ငံကို ရွေးချယ်မှုမှာ ဖျော်ဖြေတင်ဆက်မှုကိုလည်း ပါဝင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် သူမဟာ ပြိုင်ပွဲကာလအတွင်း မြန်မာချိတ် ၊ မြန်မာ့ဝတ်စုံများကို အမြတ်တနိုးဝတ်ဆင်ကာ ယှဥ်ပြိုင်ခဲ့ပါတယ်။
Miss Supermodel worldwide 2023 ပြိုင်ပွဲမှာ တိုက်အလိုက် ကိုယ်စားပြုပေးတဲ့ Winner ဆုကို မြန်မာအလှမယ် အိအိမြင့်အောင်သိန်းက Asia -Myanmar အာရှတိုက်ကိုယ်စားပြု အလှမယ်ဆုကို ရရှိခဲ့သလို တခြားတိုက်အနေနဲ့ American -Usa၊ Europe- Benlux နဲ့ Africa- Nigeria တို့ကလည်း ရရှိခဲ့ကြပါတယ်။