၁၇. ၄. ၂၀၂၃
Written By Thandar
မေလ ၁၃ ရက်မှာကျရောက်မယ့် “အမေများနေ့” မှာ” ကျေးဇူးပဲမေမေ” ဖြစ်ရပ်မှန်သရုပ်ဆောင်ပြဇာတ် Grand Final ပြိုင်ပွဲကို ကျင်းပမှာဖြစ်ပါတယ်။
မိခင်မေတ္တာကို ဖော်ကျူးထားတဲ့ ဒီ ပြဇာတ်ပြိုင်ပွဲမှာ ကိုယ်ပိုင်ဇာတ်လမ်း၊ ဇာတ်ညွန်းနဲ့ ၁၀ မိနစ်စာ မိခင်မေတ္တာဖွဲ့ ဇာတ်လမ်း ပြဇာတ်ပြိုင်ပွဲကို အဖွဲ့ ဝင်၅ ယောက်နဲ့အထက် ပါဝင်ယှဉ်ပြိုင်နိုင်တယ်လို့ဆိုပါတယ်။
“ကျေးဇူးရှင်မိခင်တွေကို ဂုဏ်ပြုပြီး မိဘချစ်ခြင်းမေတ္တာကို ခံစားတဲ့အနေနဲ့ မိသားစုအတွင်းချစ်ခြင်းမေတ္တာစီးဆင်းမျှဝေပေးနိုင်ဖို့ ရည်ရွယ်ကျင်းပတာပါ”လို့ စီစဉ်သူ မမေသဲနွယ်ကပြောပါတယ်။
“ကျေးဇူးပဲမေမေ” ဖြစ်ရပ်မှန်သရုပ်ဆောင်ပြဇာတ်ပြိုင်ပွဲမှာ ပထမဆု ကျပ် ၁၀ သိန်း၊ ဒုတိယဆု ကျပ် ၇ သိန်း၊ တတိယဆု ကျပ် ၃ သိန်းနဲ့ နှစ်သိမ့်ဆု ကျပ်၂ သိန်းဆုတို့ကို ချီးမြှင့်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါပြိုင်ပွဲကို စီးပွားရေးအခက်အခဲနဲ့ စိတ်ဖိစီးမှုများနေသလို အိမ်တွင်းအကြမ်းဖက်မှုတွေ မြင့်တက်လာတဲ့လူ့ပတ်ဝန်းကျင်ကအမျိုးသမီးတွေရဲ့အခန်းကဏ္ဏကိုမြှင့်တင်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။
ကျေးဇူးပဲမေမေ ပြဇာတ်ပြိုင်ပွဲက ရရှိလာတဲ့ အလှူငွေတွေကို ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာ၊ ထမိုင်ကျေးရွာ၊ ဇီထမ်းကျေးရွာတွေမှာ သားဖွားနဲ့ကျန်းမာရေး ဆေးခန်းတည်ဆောက်နိုင်ဖို့အတွက် လှူဒါန်းအသုံးပြုမယ်လို့ သိရပါတယ်။
ပါဝင်ယှဥ်ပြိုင်လိုသူတွေအနေနဲ့ ပြိုင်ပွဲစာရင်းကို ဧပြီ ၂၀ရက်နေ့ နောက်ဆုံးထားပြီး အောက်ပါလင့်ခ်ကို ဖြည့်သွင်းပေးပို့ရမှာဖြစ်ပါတယ်။
https://docs.google.com/forms/d/e/1FAIpQLSfxUBwzBjX431hxyBQ9cdoML_zMidjmCHCwujdzM1wqTyjmWA/viewform?usp=sf_link