◾နောက်ဆုံးသတင်းများအရ အချိန် ၁၄ နာရီကျော် ငြှိမ်းသတ်အပြီး မီးကိုထိန်းချုပ်နိုင်ပြီဖြစ်သော်လည်း အပြည့်အဝငြှိမ်းသတ်နိုင်မှုမရှိသေးကြောင်း သိရ
၁၅. ၄. ၂၀၂၃
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြို့တော်ဒက္ကာတွင် ဧပြီလ ၁၅ ရက် နံနက် ငါးနာရီခန့်ကပင် သုံးထပ်အဆောက်အအုံကုန်တိုက်အသစ်ကြီးတစ်ခု၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ခုနှစ်နာရီကျော်ကြာပြီဖြစ်သော်လည်း မွန်းလွဲ ၁၂ နာရီ ၄၀ အထိ မီးကိုအပြည့်အဝထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲ ဆက်လက် လောင်ကျွမ်းမှုနေသည် သိရသည်။ နောက်ဆုံးသတင်းများအရ အချိန် ၁၄ နာရီကျော်သည့်အထိ ငြှိမ်းသတ်အပြီး မီးကိုထိန်းချုပ်နိုင်ပြီဖြစ်သော်လည်း အပြည့်အဝငြှိမ်းသတ်နိုင်မှုမရှိသေးကြောင်း သိရသည်။
မီးက ကုန်တိုက်အသစ်ကြီး၏ ဒုတိယထပ်မှ စတင်လောင် ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့၊ရဲတပ်ဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့ဝင်များပါ မီးကိုပူးပေါင်းငြှိမ်းသတ်လျက်ရှိကြသည်။ ကုန်တိုက်တစ်ခုလုံးနီးပါးလောင် ကျွမ်းနေပြီဖြစ်သော မီးအားထိန်းသိမ်းနိုင်ရန် မီးသတ်သမားများက ကုန်တိုက်၏ မျက်နှာကြတ်အမိုးများမှပင် ခဲခဲယဉ်းယဉ်းဝင်ရောက်ငြှိမ်းသတ်နေကြရသည်။
နံနက်အရုဏ်တက်အချိန်၌ပင် ကုန်တိုက်မီးလောင်သည့်သတင်းကိုကြား၍ ကုန်တိုက်တွင်းဆိုင်ခန်းပိုင်ရှင်များကလည်း ၎င်းတို့ပစ္စည်းများကို နိုင်သလောက်သယ်ယူရန် အပြေးအလွှားရောက်လာခဲ့ကြသည်ကို တွေ့ရသည်။ ၎င်းတို့အနက်အများစုက ကုန်တိုက်အတွင်း ၎င်းတို့ဆိုင်ခန်းများမီးလောင်နေသည်ကို မျက်မြင်တွေ့ကြရသောအခါ ငိုကြွေးလျက်ရှိကြသည်ကိုလည်း ကုန်တိုက်အနီးတွေ့ကြရသည်။
ကုန်တိုက်တွင်ဈေးရောင်းဝယ်သူအများစုက မီးလောင်ကျွမ်းမှုက လုံးဝပြင်ဆင်လဲလှယ်မှုမရှိခဲ့သော လျှပ်စစ်ကြိုးလိုင်းများနှင့် ဓာတ်အားမြင့်မားစွာပို့လွှတ်မှုကြောင့်ဖြစ်မည်ဟု သံသယရှိကြသည်။ အချို့ကလည်း အေစီ ဓာတ်အားလိုင်းမှ ကုန်တိုက်တစ်ခုလုံးမီးလောင်ကျွမ်းဝါးမြိုခံခဲ့ရခြင်းဟုထင်မြင်ချက်ပေးခဲ့ကြသည်။ နောက်ဆုံးသတင်းများအရ မီးလောင်ကျွမ်းမှုတွင် ဆိုင်ခန်းပေါင်း ၁၀၀၀ ကျော် မီးလောင်ပျက်ဆီးခဲ့သလို မီးသတ်တပ်ဖွဲ့ဝင် ရှစ်ဦးနှင့် အပျော်တန်းတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရခဲ့ကြောင်းသိရသည်။
Ref—-Dhaka Tribune