၁၃. ၄. ၂၀၂၃
Photo Tha Doe
မနက်ဖက်အစီအစဥ်တွေကို ညနေ ၆ နာရီမှာ တစ်ဖြတ်နားပြီး ည ၇ နာရီ ၁၅ လောက်မှာ ပြန်စပေမဲ့ မနက်ကတည်းက လာရောက်လည်ပတ်သူတွေကတော့ ည အချိန် မစောင့်တော့တာကြောင့် ပြည်သူ့ရင်ပြင်က လမ်းလျှောက်သင်္ကြန်ရဲ့ ညခင်းအစီအစဥ်ဟာ လူမရှိသလောက်ဖြစ်သွားပါတယ်။
အချိန်တစ်နာရီကျော် ခြားလိုက်တာ၊ ပုံမှန်ရက်ထက်စျေးတက်နေတာတောင် ကားဆက်ပြတ်နေတဲ့ ဘတ်စ်ကားတွေနဲ့ အရင်တုန်းကလို ကားစီစဥ်ပေးထားမှုမရှိတာကြောင့်လည်း ည ၇ နာရီ ၁၅ လောက်မှာ စတင်တဲ့ Royal Apex ရဲ့ ပြည်သူ့ရင်ပြင်က လမ်းလျှောက်သင်္ကြန်ညအစီအစဥ်ဟာ လူ ၁၀၀ တောင် မရှိတော့ဘဲ ခြောက်ကပ်ကပ်နဲ့ ဆင်နွှဲခဲ့တာ တွေ့ရပါတယ်။
ဒါ့အပြင်လည်း အထဲမှာဖွင့်ထားတဲ့ စျေးဆိုင်တန်းတွေကပြည်သူ့ရင်ပြင်ထဲ လူကုန်သွားစ ၆ နာရီခွဲလောက်မှာ ဆိုင်ပိတ်လိုက်တာကြောင့်လည်း အကြိုနေ့ရဲ့ရန်ကုန် လမ်းလျှောက်ညသင်္ကြန်ဟာ တိတ်ဆိတ်ခြောက်ကပ်စွာ….။