၁၃. ၄. ၂၀၂၃
Photo by Peya
ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် လမ်းလျှောက်သင်္ကြန် ပြုလုပ်နေသည့် ပထမနေ့ မြင်ကွင်းဖြစ်ပြီး အနုပညာရှင်များကလည်း ဖျော်ဖြေခဲ့ကြသည်။
အဆိုပါသင်္ကြန်ပွဲတော်တွင် လုံခြုံရေးတင်းကြပ်ထားကြောင်းလည်း တွေ့မြင်ရသည်။
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် သင်္ကြန် ကာလအတွင်း မနက် ၉ နာရီ မှ ည ၁၀ နာရီအထိ လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း အဆိုပါလမ်းလျှောက် သင်္ကြန်ကို စီစဉ်သည့် Royal Apex ထံက သိရှိရသည်။
အဆိုပါ သင်္ကြန်ပွဲတော်ကို Royal Apex က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ဝင်ကြေးအခမဲ့ဖြစ်ကာ နံနက်ပိုင်း ၉ နာရီမှ ည ၁၀ နာရီအထိ ရေပက်မဏ္ဍပ်များတွင် ရေကစားနိုင်မည်ဖြစ် ကြောင်း သိရသည်။
ထို့အပြင် အဆိုပါ အစီစဉ်များသာမက ဖျော်ဖြေရေး အစီအစဉ်များနှင့် လမ်းလျှောက်သင်္ကြန် ပြုလုပ်၍ သင်္ကြန်မုန့်မျိုးစုံ၊ အအေးနှင့် အသီးဖျော်ရည်တို့ကိုလည်း စတုဒိသာ ကျွေးမွေးရန် စီစဉ်ထားကြောင်း သိရသည်။