◾ ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲနှင့် မြို့တော်ခန်းမအနီး လမ်းလျှောက်သင်္ကြန် အစောပိုင်းမြင်ကွင်းများ
၁၃. ၄. ၂၀၂၃
Photo by Peya
ငြိမ်းချမ်းပျော်ရွှင်စွာနေထိုင်လိုသော မြန်မာလူမျိုးများ၏ ရိုးရာသင်္ကြန်ပွဲ စတင်ဖွင့်လှစ် ကျင်းပခဲ့ပြီး ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကို ဧပြီလ ၁၃ ရက် မဟာသင်္ကြန်အကြိုနေ့ နံနက် ၇ နာရီခွဲတွင် စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့ပြီဖြစ်သည်။
ပြီးခဲ့သည့်နှစ် မဟာသင်္ကြန်ကာလ PDF များ၏ တိုက်ခိုက်မှုကြောင့် ရန်ကုန်တစ်မြို့တည်းပင် ဗုံး ၂၅ ကြိမ်ပေါက်ခဲ့သည်ဖြစ်ရာ ယခုနှစ်တွင်လည်း ထိုသို့တိုက်ခိုက်မှုများကြုံရနိုင်သည်ကို သတိချပ်ရမည်ဖြစ်ရာ တန်ဖိုးကြီး Private Festival များအနားသို့ မကပ်နိုင်၍ အစိုးရက စီစဥ်ကျင်းပသော အခြေခံလူတန်းစားများ ပစ်မှတ်ထားခံမဖြစ်ရန်လည်း လိုအပ်ပေသည်။
ယခုနှစ် မဟာသင်္ကြန်ကို မြို့များအားလုံးလိုလိုတွင် ကျင်းပမည်ဖြစ်သလို ထိုင်းဆုန်ခရန်ကဲ့သို့ UNESCO ထံ မြန်မာ့ရိုးရာဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်အဖြစ် တင်လျှောက်ရန်လည်း စီစဥ်မည်ဖြစ်ချေရာ တိုက်ခိုက်ဖျက်ဆီးမှုများကြောင့် မြန်မာ့ရိုးရာသင်္ကြန်သည် အနိဌာရုံများနှင့် ဒွန်တွဲနေသည်ဟု ရှုမြင်ခံရပါက အစိုးရအဆက်ဆက်ဖျောက်ဖျက်မရသော အမည်းစက်ဖြစ်သွားမည်ကို တိုက်ခိုက်လိုသူများလည်း သတိချပ်ရန် လိုအပ်ပေသည်။