၁၂. ၄. ၂၀၂၃
Writer & Photo Nyein Kyaw
ဗဟန်းမြို့နယ်အတွင်းရှိ လမ်းသွယ်တစ်ခုတွင် ဝါယာရှော့ခ်ဖြစ်၍ မီးလောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် အချိန်မီ မီးငြှိမ်းနိုင်ခဲ့ပြီး ဘေးအိမ်များသို့ မီးမကူးစက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဧပြီ ၁၂ ရက် နံနက် ၉ နာရီ ၆ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချို (၂) ရပ်ကွက်၊ ငါးထပ်ကြီးဘုရားလမ်း (ကင်းပင်းလမ်း) လမ်းသွယ်ရှိ အိမ်တစ်အိမ်တွင် ဝါယာရှော့ခ်ဖြစ်ပွားမှုမှ မီးလောင်ခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းကူညီ၍ မီးငြှိမ်းသတ်ခဲ့ခြင်းကြောင့် နံနက် ၁၀ နာရီ ၄၀ မိနစ်ဝန်းကျင်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
“မီးကလာလိုက်မလာလိုက်နဲ့ဆိုတော့ လာတဲ့အချိန်ဝိုင်းဆွဲသုံးရတာဆိုတော့။ သူတို့ကလည်း ထမင်းအိုးတည်ပြီး အောက်ထပ်မှာနေနေတာပေါ့။ မီးလာပြီး သိပ်မကြာဘူး မီးခိုးတွေထွက်လာတာ။ ရပ်ကွက်က ဝိုင်းဝန်းကူညီတော့ မီးနိုင်သွားတဲ့သဘော သက်ဆိုင်ရာကိုတော့ အကြောင်းကြားထားတယ်။ သက်ဆိုင်ရာက လာရောက်စစ်ဆေးတာတွေ ဆောင်ရွက်နေပါတယ်” ဟု အခင်းဖြစ်ရာနေရာတွင် ကူညီဆောင်ရွက်နေသူတစ်ဦးက ပြောသည်။