၁၂. ၄. ၂၀၂၃
Written by Nay Aung
ဘင်္ဂလားပင်လယ်အော်အတွင်းရှိ မြန်မာနိုင်ငံပိုင် ကိုကိုးကျွန်းစုများတွင် စောင့်ကြည့်ထောက်လှမ်းရေးကင်မရာများနှင့် အဆောက်အဦများ ကူညီတည်ဆောက်ပေးနေသည်ဆိုသောသတင်းများကို တရုတ်အစိုးရက ငြင်းဆန်ပယ်ချလိုက်ကြောင်း သိရသည်။
အမေရိကန်အခြေစိုက် Bloomberg သတင်းဌာနသည် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တရုတ်အစိုးရထံ ဆက်သွယ်မေးမြန်းချိန်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းကဲ့သိုတုံ့ပြန်ခဲ့ခြင်းမျိုးဖြစ်ကြောင်းသိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ” ကိုကိုးကျွန်းမှာ ထောက်လှမ်းရေးအဆောက်အဦတွေ တည်ဆောက်ပေးနေတယ်ဆိုတဲ့သတင်းတွေက အခြေအမြစ်မရှိသလို အဓိပ္ပါယ်မရှိဘူး”ဟု တုံ့ပြန်ခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံသည် ဘင်္ဂလားပင်လယ်အော်အတွင်းရှိ မြန်မာပိုင် ကိုကိုးကျွန်းစုများတွင် တရုတ်နိုင်ငံအကူအညီနှင့်စောင့်ကြည့်ထောက်လှမ်းရေးကင်မရာများ၊ အဆောက်အဦများ တည်ဆောက်နေသည်ဆိုသောသတင်းများက မှန်ကန်မှုမရှိကြောင်း၊ နစကအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆန်လိုက်ကြောင်း သိရသည်။
“ကိုကိုးကျွန်းစုများမှာ တရုတ်နိုင်ငံက ထောက်လှမ်းရေးလုပ်ငန်းတွေလုပ်ဖို့အဆောက်အဦတွေတည်ဆောက်နေတယ်ဆိုတဲ့ သတင်းစွပ်စွဲချက်တွေက”အဓိပ္ပါယ်” မရှိဘူး။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယအစိုးရတာဝန်ရှိသူတွေ၊ တရုတ်အစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖူးတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ နိုင်ငံခြားတပ်ဖွဲဝင်တွေကို တပ်စွဲအခြေချခွင့် ဘယ်တော့မှခွင့်ပြုမှာမဟုတ်ဘူး။ မြန်မာနဲ့ အိန္ဒိယအစိုးရအဖွဲ့ အဆင့်များစွာဟာ တွေ့ဆုံဆွေးနွေးခဲ့ဖူးတယ်။ အိန္ဒိယအစိုးရဟာ ကိုကိုးကျွန်းစုများမှာ မြန်မာလုံခြုံရေးတပ်ဖွဲဝင်တွေဟာ အခြေကျတပ်စွဲထားတယ်ဆိုတာကိုကောင်းကောင်းသိပါတယ်။ ကိုယ့်နိုင်ငံအတွက် ကာကွယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေတာပဲရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
Ref—- bloomberg