၁၂. ၄. ၂၀၂၃
Written By Thandar
သင်္ကြန်အငွေ့အသက်တွေပါတဲ့ မြန်မာ့ပထမဆုံး Musical Mini-Series “မြတ်နိုးသူအတွက် ပိတောက်တစ်ခက်”မှာ ကိုယ်ချစ်တဲ့ ကောင်လေးက အရမ်းအေးတော့ ကိုယ်ကပြန်ပြီး ဖွင့်ပြောရတဲ့ ကောင်မလေးနေရာက သရုပ်ဆောင်ထားတယ်လို ယမင်းမေဦးက ဆိုပါတယ်။
“ဒီထဲမှာ ငုဝါဆိုတဲ့ ကာရိုက်တာလေးနဲ့ သရုပ်ဆောင်ထားပါတယ်။ ယမင်းက မြို့သူပေါ့။ သူငယ်ချင်းရဲ့နယ်ကို လိုက်သွားရင်း ကောင်လေးတစ်ယောက်ကို ချစ်မိသွားတဲ့ ပုံစံလေးပါ။ ကိုယ်ချစ်တဲ့ ကောင်လေးက အရမ်းအေးတော့ ကိုယ်ကပြန်ပြီးဖွင့်ပြောရတဲ့ ကောင်မလေးနေရာက သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းမှာ သင်္ကြန်သီချင်းတွေရော တခြားသီချင်းတွေရော မြိုင်မြိုင်ဆိုင်ဆိုင် သုံးထားတဲ့ကားလေးပါ။ ဒီကားကို ကြည့်လိုက်ရင် ပရိသတ်တွေလည်း ခံစားမှုတစ်ခုခုရမယ်လို့ထင်ပါတယ်”လို့ သရုပ်ဆောင် ယမင်းမေဦးက ပြောပါတယ်။
သူမက ဒီဇာတ်လမ်းမှာ နှစ်အတော်ကြာ နှလုံးသားကို သော့ခတ်ထားပြီး အဆိုအကကောင်းတဲ့ မြို့ကြီးသူတစ်ယောက်နေရာက သရုပ်ဆောင်ထားတယ်လို့သိရပါတယ်။ ဒီဇာတ်လမ်းကို သင်္ကြန်ချစ်သူတွေအတွက် သင်္ကြန်ကာလ ဧပြီ ၁၃ ရက်ကနေ ဧပြီ ၁၇ ရက်အထိ YOMA Beer Facebook Page မှာ YOMA စံတော်ချိန် ညနေ ၆ နာရီတိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
သီချင်းကောင်းများစွာ မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်ပြီး ရသစုံလင်စွာထည့်ထားတဲ့ Mini-Series လေးမှာ သရုပ်ဆောင်တွေဖြစ်တဲ့ ထက်အောင်ရှိင်း၊ ဝင်းခန့်မိုး၊ ဆောင်းဝတ်ရည်မေ၊ ယမင်းမေဦး စတဲ့ အနုပညာရှင်တွေနဲ့ သန်လျင်မြိုနယ်က ဆည်တစ်ခုမှာ ရိုက်ကူးပုံဖော်ထားတယ်လို သိရပါတယ်။