၁၀. ၃. ၂၀၂၃
Written by Pan Ei
ကမ္ဘာကျော် စူပါမာရီယို ဗီဒီယိုဂိမ်းကို အခြေခံကာ ရုပ်ရှင်အဖြစ်ရိုက်ကူးထားပြီး ရုံတင်ပြသနေဆဲဖြစ်တဲ့ Super Mario Bros ရုပ်ရှင်ဟာ ပွဲဦးထွက်ရုံတင်ချိန် ရုံငွေရရှိမှုအပိုင်းမှာ အောင်မြင်မှုတွေ ရရှိနေပြီး ရုံတင်ပြီး ငါးရက်အတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အမေရိကန်ဒေါ်လာ ၃၇၇ သန်း ရရှိခဲ့ကာ ၂၀၂၃ ခုနှစ်အတွက် ပွဲဦးထွက်ရုံတင်ငွေအများဆုံးရုပ်ရှင်ဖြစ်လာခဲ့သလို ပွဲဦးထွက် ရုံတင်ငွေပိုင်းမှာ အရင်က စံချိန်တင်ထားတဲ့ Frozen 2 ရုပ်ရှင်ရဲ့ စံချိန်ကိုလည်း ချိုးခဲ့ပါတယ်။
Universal နဲ့ Illumination တို့ ပူးပေါင်းရိုက်ကူးထားတဲ့ Super Mario Bros ရုပ်ရှင်ကို မြောက်အမေရိက,က ရုပ်ရှင်ရုံပေါင်း ၄,၃၄၃ ရုံမှာ ပြသရာမှာ ပထမငါးရက်အတွင်း ရုံတင်ငွေ အမေရိကန်ဒေါ်လာ ၂၀၄ ဒသမ ၆ သန်း ရရှိခဲ့တာဖြစ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၇၇ သန်း ရရှိခဲ့တာဖြစ်ပါတယ်။
Super Mario Bros ရုပ်ရှင်ရဲ့ ပွဲဦးထွက်ရုံတင်ငွေဟာ ဖေဖော်ဝါရီလက ဒေါ်လာ ၂၂၅ ဒသမ ၃ သန်း ရရှိခဲ့တဲ့ “Ant-Man and the Wasp: Quantumania” ထက် ကျော်လွန်ခဲ့တာဖြစ်ပြီး ပွဲဦးထွက် ရုံတင်ငွေပိုင်းမှာ အရင်က စံချိန်တင်ထားတဲ့ Frozen 2 ရုပ်ရှင်က အမေရိကန်ဒေါ်လာ ၃၅၈ သန်း ရရှိခဲ့တာဖြစ်ပါတယ်။
စစ်တမ်းကောက်ယူမှုတွေအရ Super Mario Bros ကို ကြည့်ရှုသူပရိသတ် ၅၉ ရာခိုင်နှုန်းဟာ အမျိုးသားတွေဖြစ်ကြပြီး အသက် ၁၈ နှစ်ကနေ ၃၄ နှစ်ကြား အမျိုးသားတွေကတော့ ၄၅ ရာခိုင်နှုန်းအထိ ပါဝင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဆိုပါရုပ်ရှင်ကို လာရောက်ကြည့်ရှုသူအချို့ဟာ ရုပ်ရှင်ထဲက ဇာတ်ကောင်တွေအတိုင်း ဝတ်ဆင်ပြီး လက်မှတ်လာရောက်ဝယ်သူတာတွေ ရှိခဲ့တာကြောင့် ရုပ်ရှင်ရုံပိုင်ရှင်တွေဟာ အံ့အားသင့်ခဲ့ရတယ်လို့ ဆိုပါတယ်။
Ref; CNN