MT News
တင်ဆက်/တည်းဖြတ် ပန်းအိ၊ ဟေမာ
Netflix ကနေ ဧပြီလအတွင်းမှာ ထုတ်လွှင့်တော့မဲ့ “Hunger” ဆိုတဲ့ ဇာတ်ကားဟာ စားသောက်ဆိုင်ကြီးတွေရဲ့ စားဖိုဆောင်အတွင်းက အမှောင်ဘက်ခြမ်းကို စိတ်ကူးယဉ်ရိုက်ကူးထားတာဖြစ်ပြီး စိတ်ဝင်တစားကြည့်ရှုရမဲ့ ထိုင်းဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။
ဘန်ကောက်မြို့ထဲမှာ မိသားစုပိုင် Street Food ခေါက်ဆွဲဆိုင်ကို ဦးဆောင်လုပ်ကိုင်နေတဲ့ အသက်နှစ်ဆယ်ကျော်အရွယ် ထူးချွန်ထက်မြက်ပြီး အရည်အချင်းရှိတဲ့ မိန်းကလေး Aoy ကို ထိုင်းနိုင်ငံရဲ့ နံပါတ်(၁) စားဖိုမှူးအသင်းဖြစ်တဲ့ “Hunger” က မိသားစုအလုပ်ကို စွန့်ပယ်ပြီး အသင်းနဲ့ လက်တွဲဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
Hunger အသင်းရဲ့ ဖိတ်ခေါ်မှုကို လက်ခံခဲ့တဲ့ Aoy ဟာ ရက်စက်ကြမ်းကြုတ်ပြီး တင်းကျပ်တဲ့ စာဖိုမှူးလက်အောက်ရောက်သွားတဲ့အခါ ဘယ်လိုတွေလေ့ကျင့်ပေးခံရမလဲဆိုတာတွေနဲ့ စားသောက်ဆိုင်ကြီးတွေရဲ့ စားဖိုဆောင်အတွင်းက အမှောင်ဘက်ခြမ်းကို စိတ်ဝင်တစားကြည့်ရှုနိုင်ဖို့ Netflix ကနေ ထုတ်လွှင့်တော့မဲ့ “Hunger” ကို MT News ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။