၈. ၄. ၂၀၂၃
Written by Pan Ei
အမေရိကန်ပြည်ထောင်စု၊ တောင်ကာရိုလိုင်းနားပြည်နယ်မှ ပေါ ဆလိုဆာ လို့ခေါ်တဲ့ အမျိုးသား တစ်ဦးဟာ နှစ် ၃၀ ကျော်ကြာ နှုတ်ခမ်းမွေးမရိတ်ဘဲထားခဲ့ရာ အခုလက်ရှိမှာတော့ သူ့ရဲ့ နှုတ်ခမ်းမွေး အရှည်မှာ ၂ ပေနဲ့ ၁ လက်မ ( ၆၃ ဒသမ ၅ စင်တီမီတာ) အထိ ရှိလာခဲ့ပြီး ကမ္ဘာ့နှုတ်ခမ်းမွှေး အရှည်ဆုံးလူသားအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။
ပေါ ဆလိုဆာ ရဲ့ နှုတ်ခမ်းမွေးဟာ ကမ္ဘာ့မုတ်ဆိတ်မွေးနဲ့ နှုတ်ခမ်းမွေးချန်ပီယံပြိုင်ပွဲက သတ်မှတ်ထားတဲ့ အင်္ဂလိပ်ပုံစံ နှုတ်ခမ်းမွေးဖြစ်ပြီး အပေါ်နှုတ်ခမ်းအလယ်မှစတင်ကာ ဘေးဘက်ကို သေးသွယ် ရှည်လျားနေတဲ့ ပုံစံမျိုးဖြစ်ပါတယ်။
ပေါ ဆလိုဆာ က သူရဲ့နှုတ်ခမ်းမွေးမရိတ်ရတဲ့ အကြောင်းရင်းဟာ သူ့မိန်းမကြောင့်လို့ဆိုတဲ့ အကြောင်းကို “တစ်နေ့မှာ ကျွန်တော် နှုတ်ခမ်းမွေးရိတ်ပြီး မိန်းမကို နမ်းဖို့ လုပ်တော့ သူမက ကျွန်တော့ကို Wire Brush နဲ့ တူတယ်ဆိုပြီး တွန်းထုတ်လိုက်ကတည်းက မရိတ်ဖြစ်တော့တာပါ ” လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ပေါ ဆလိုဆာ က သူ့ရဲ့ အရက်သောက်တဲ့ အလေ့အထဟာလည်း သူ့ရဲ့ နှုတ်ခမ်းမွေးကို ကြီးထွားလာစေတယ်လို့ ယုံကြည်ကြောင်းနဲ့ ဂင်းနစ်ဘီယာက အလုပ်ဖြစ်စေဖို့ အစပြုခဲ့တယ်လို့ ပြောကြားခဲ့ပြီး ရှည်လျားတဲ့ နှုတ်ခမ်းမွေးထားဖို့ရဲ့ အဓိက သော့ချက်မှာ ဇွဲရှိဖို့နဲ့ ဇွဲလုံလများပြားဖို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Ref; UPI News