၇. ၄. ၂၀၂၃
Written by Pan Ei
ဗီယက်နမ်နိုင်ငံ၏ အရှေ့မြောက်ဘက် ဟာလောင်း ပင်လယ်အော်အနီးတွင် ခရီးသွားရဟတ်ယာဉ်တစ်စင်းသည် ဗုဒ္ဓဟူးနေ့ (ဧပြီလ ၅ ရက်) ညနေပိုင်းက ပျက်ကျခဲ့ရာ လူ ၅ ဦး သေဆုံးခဲ့ပြီး လေယာဉ်ပျက်ကျမှုကြောင့် ပဉ္စမမြောက်သေဆုံးသူ၏ ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူ ငါးဦးစလုံးသည် ဗီယက်နမ်နိုင်ငံသားများဖြစ်ကြောင်း သိရပြီး သေဆုံးသူများမှာ အသက် ၅၉ နှစ်အရွယ် ရဟတ်ယာဉ်မှူးနှင့် ကျန် လေးဦးမှာ ခရီးသွားများ ဖြစ်ကြကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဗီယက်နမ်မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့သည် ဗီယက်နမ်နိုင်ငံတဝှမ်း ရှုခင်းကြည့်ရဟတ်ယာဉ် ခရီးစဉ်များကို ရပ်ဆိုင်းထားခဲ့ပြီး ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို လူအင်အား ၃၀၀ ကျော်ဖြင့် လုပ်ဆောင်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ဟာလောင်း ပင်လယ်အော်သည် ဟနွိုင်းမြိုတော်မှ ၁၆၅ ကီလိုမီတာကွာဝေးသော ကွမ်နင်ပြည်နယ် တုံကင်ပင်လယ်ကွေ့တွင် တည်ရှိပြီး ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ထားသော နေရာတစ်ခုဖြစ်သည်။
Ref; Thaiger