MT News
Written By Thandar
သုံးနှစ်စာမြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲအတွက် ရွေးချယ်ခံရသူ ရွှေကြိုမောင်မယ် ၃၂ ဦးစာရင်းကို ဧပြီလ ၆ ရက်နေ့မှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။
“ရွှေကြိုရွေးချယ်ခံရသူစာရင်းကို ကျွန်တော်တို့ အစည်းအရုံးက တရားဝင် ကြေညာလိုက်တာပါ။ အခုရွေးချယ်ခံရတဲ့သူတွေက သင်္ကြန်ကာလအပြီး ဧပြီ၂၀ ရက်လောက်မှာ စတင်လေ့ကျင့်မူတွေလုပ်ရပါမယ်။ တစ်တွဲစီဖြစ်အောင် အရပ်ကအစ ညှိပြီး စီစဉ်ရမှာပါ”လို့ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးအေးကြူလေးက MT News ကို ပြောပါတယ်။
အကယ်ဒမီ ရွှေကြိုနောက်ဆုံးအဆင့် ယှဉ်ပြိုင်မှုမှာ အကဲဖြတ်ဒိုင်အဖြစ် အကယ်ဒမီရန်အောင်၊ အကယ်ဒမီရဲအောင် ၊ အကယ်ဒမီခန့်စည်သူ၊ အကယ်ဒမီမေသန်းနု၊ အကယ်ဒမီ မေသဉ္ဇာဦး၊ အကယ်ဒမီ စိုးမြတ်သူဇာ တို့က ရွေးချယ်ပေးတာဖြစ်ပါတယ်။
ရွှေကြို ရွေးချယ်ခံရသူ အမျိုးသား ၁၅ ဦးက ပိုင်စစ်မှူး၊ ဖြိုးမင်းဇော်(ခ)ပိုင်သစ်၊ အောင်ဇော်ဘုန်းပြည့် (ခ)ရှင်ဘုန်းပြည့်၊ ထင်းလင်းအောင် (ခ) အောင်အောင်၊ ဇေယျတု၊ ထူးနိုင်လင်း၊ ဘုန်းမြတ်မင်းသန့် (ခ) မင်းသန့်၊ ဝိုင်ဂျေဒေါင်းလွန်း(ခ) လွန်း၊ မျိုးမြင့်ဦး(ခ) ပိုင်ခန့်ဇော်၊ အောင်ခန့်ဇင် (ခ)နေအုပ်စိုးအောင်၊ နေမျိုးထွေး (ခ) မောင်နေ၊ မြတ်သူရိန်ကျော် (ခ) မြတ်သုခ၊ သူရဦး (ခ) သုတဦး၊ ပြည့်သုခ၊ အောင်ဘုန်းထွဋ် (ခ) နေယံလင်းတို့ ဖြစ်ပါတယ်။
ရွှေကြိုရွေးချယ်ခံရသူ အမျိုးသမီး ၁၇ ဦးက ခြူးမြသွယ်(ခ) ဆီဆန်ကျော်ဇော၊ လင်းလက်ခွန်းချို (ခ) ရွှန်းလဲ့ရည်ဖူး၊ နိုနိုပြည့်ဝေလျှံ၊ အေးချမ်းမြတ် (ခ) L Banny Chanz ၊ ရွှေစင်ဝင်းကို (ခ) Ella ရွှေစင်၊ နွေးနွေးသူအောင် (ခ) နွေးပြည့်ပြည့်ထက်ပိုင်ဦး၊ ယွန်းယမုံဦး၊ ဇင်စန္ဒာထွန်း၊ ခြူးယမုံ(ခ) ခြူးယမုံသော်၊ ဇင်မိုးပြည့်၊ ဝင်းဖန့်ကြည်ဝင်း(ခ) ဇွန်ရှင်းခန့်ဝင့်ဝါ၊ မေဖြူကြည်သင်း(ခ) ဖြူဖြူသင်း၊ ရွှေအင်ကြင်း(ခ) အင်ကြင်းမြင့်မြတ်၊ နံ့သာစိုး၊ ဆုရဝေထွန်း (ခ) နိုနိုမေ၊ ယွန်းအိမွန်၊ မိမွန်မြတ်သူ တို့ဖြစ်ပါတယ်။
နေပြည်တော်မှာ မေလ ၆ ရက်မှာ ကျင်းပမယ့် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ လက်ရှိရွေးချယ်ခံရသူ ၃၂ ဦးနဲ့ အရင်နှစ်က ရွေးချယ်ခံထားရပြီး ပြန်လည်လာရောက်လျှောက်ထားသူ ၈ ဦး ပေါင်းကာ အယောက် ၄၀ က ရွှေကြိုအဖြစ် ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။