MT News
Translated by Htwe Ko Tun
သတို့သမီးရဲ့ ရည်းစားဟောင်းက ဗုံးလက်ဖွဲ့ခဲ့တာကြောင့် မင်္ဂလာပွဲကျင်းပပြီးစပဲရှိသေးတဲ့ သတို့သားဖြစ်သူဟာ လက်ဖွဲ့ရရှိတဲ့ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် ညီဖြစ်သူနဲ့အတူ သေဆုံးခဲ့ရမှု အိန္ဒိယနိုင်ငံအလယ်ပိုင်း Chhattisgath ပြည်နယ် Kabirdhaqm ခရိုင်မှာ ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဖြစ်ရပ်က အသက် ၃၃ နှစ်အရွယ် သတို့သား မစ္စတာမာကမ်အိမ်မှာ ဧပြီလ ၃ ရက်က ဖြစ်ခဲ့တာပါ။ ပေါက်ကွဲမှုကြောင့် အသက် ၁၈ လသားအရွယ် ယောက်ျားလေးတစ်ဦးအပါအဝင် လေးဦးလည်း ဒဏ်ရာတွေရခဲ့ပါတယ်။
ဒီပေါက်ကွဲမှုကြောင့် သတို့သားက နေရာမှာသေဆုံးခဲ့သလို ညီဖြစ်သူကလည်း ရရှိတဲ့ ဒဏ်ရာတွေကို ကုသခံနေစဉ်မှာ သေဆုံးခဲ့ပါတယ်။ လက်ဖွဲ့ဗုံးက ပြင်းထန်လွန်းတဲ့အတွက် သတို့သားအိမ်အခန်းရဲ့ နံရံနဲ့ မျက်နှာကျက်တွေတောင် ပျက်စီးခဲ့ရပါတယ်။
ရဲတပ်ဖွဲ့ကတော့ မင်္ဂလာလက်ဆောင်မှာ ပေါက်ကွဲစေနိုင်တဲ့ ဗုံးလိုပစ္စည်းပါဝင်ပြီး ပလပ်ထိုးအားသွင်းတာနဲ့ ပေါက်ကွဲမှုဖြစ်စေဖို့ ဆောင်ရွက်ထားတယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ရဲတပ်ဖွဲ့က ဒီ လက်ဖွဲ့ဗုံးကို သတို့သမီးရဲ့ ချစ်သူဟောင်းက မကျေမနပ်ဖြစ်ကာ ပို့ခဲ့ခြင်းဖြစ်တယ်လို့လည်း စွပ်စွဲထားပါတယ်။ ဗုံးလက်ဖွဲ့ပေးပို့တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ရည်းစားဟောင်းနာမည်က ဆာဂျူး မာကမ်ဖြစ်ပြီး Madhya Pradesh ပြည်နယ်မှာနေတာလို့လည်း ရဲတပ်ဖွဲ့ကဆိုပါတယ်။
ဒါ့အပြင် ရဲတပ်ဖွဲ့က ဗုံးစထိမှန်သေဆုံးတဲ့ သတို့သားဖြစ်သူဟာ အသက် ၂၉ နှစ်အရွယ် အခြားအမျိုးသမီးတစ်ဦးနဲ့လည်း တိတ်တိတ်ပုန်းဇာတ်လမ်းရှိနေလို့ သတို့သမီးက သတို့သား မာကမ်ရဲ့ဒုတိယဇနီးဖြစ်ခဲ့ရတယ်လို့လည်း ပြောခဲ့ပေမဲ့ သတို့သမီးဘက်ကတော့ ဒါဟာ မဟုတ်မှန်ဘူးလို့ ငြင်းခဲ့ပါတယ်။
Ref—-bbc