၅. ၄. ၂၀၂၃
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၏ အစားအစာနှင့်ဆေးဝါးစီမံခန့်ခွဲရေးအဖွဲ့ (FDA) က တောင်ကိုရီးယားနိုင်ငံထုတ် ဆံပင်ဆိုးဆေးသုံးမျိုးက ကင်ဆာဖြစ်စေနိုင်သော ဓာတုပစ္စည်းများပါဝင်နေကြောင်း ဧပြီလ ၄ ရက်က သုံးစွဲသူများအား သတိပေးပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ Soky C&T ကုမ္ပဏီလီမိတတ်မှထုတ်လုပ်သော Seedbee’s Water Colouring Medium Brown နှင့် Seedbee’s Water Colouring Wine Brown တို့နှင့် JPS Cosmetics ကုမ္ပဏီလီမိတတ်မှထုတ်လုပ်သော Mielle Professional’s Blondie Anne Treatment Colour Cream တို့တွင် ဓာတ်ခွဲခန်းစမ်းသပ်ချက်များအရ အလှကုန်များ၌ တားမြစ်ထားသော o-aminophenol နှင့် m-phenylenediamine ဓာတုပစ္စည်းများပါဝင်နေကြောင်း ထိုင်း FDA က တွေ့ရှိခဲ့ရသည်။
ထိုင်း FDA ကအဆိုပါ ဓာတုပစ္စည်းများမှာ ကင်ဆာဖြစ်စေနိုင်သောကြောင့် ပြည်သူလူထုအနေဖြင့် ၎င်းတို့အားဝယ်ယူအသုံးပြုခြင်းမှ ရှောင်ရှားကြရန် သတိပေးခဲ့သည်။
Ref—Bangkok Post