၅. ၄. ၂၀၂၃
Written by Pan Ei
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဆစ်ကင်ပြည်နယ်တွင် ဟိမဝန္တာတောင်တန်းများအနီး တရုတ်နိုင်ငံ တိဘက်သို့ သွားရာလမ်းပေါ်တွင် အင်္ဂါနေ့ (ဧပြီလ ၄ရက်) က နှင်းပြိုကျမှုကြောင့် ကမ္ဘာလှည့်ခရီးသွား ၇ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
နှင်းပြိုကျမှုကြောင့် လူ ၂၀ ဦးထက်မနည်းကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ ရှစ်ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကာ လမ်းပေါ်သောင်တင်နေသည့် ခရီးသွား ၃၅၀ ဦးနှင့် ကားအစီးရေ ၈၀ ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဆစ်ကင်ပြည်နယ်ရှိ ကမ္ဘာပေါ်တွင် တတိယအမြင့်ဆုံးတောင်ဖြစ်သည့် ကန်ချွန်ဂျွန်ဂါတောင်အောက်ခြေရှိ “ဆန်းကြယ်သောမှော်နယ်မြေ” ဟုကျော်ကြားသည့် နေရာသို့ နှစ်စဉ် ကမ္ဘာလှည့်ခရီးသည် ထောင်ပေါင်းများစွာ လာရောက်လေ့ရှိကြသည်။
အိန္ဒိယနိုင်ငံရှိ ဟိမဝန္တာတောင်တန်းများတွင် လွန်ခဲ့သည့် နှစ်နှစ်အတွင်း နှင်းပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၂၀ ဦး သေဆုံးခဲ့သည်။
Ref; Reuters