၄. ၄. ၂၀၂၃
ရိုက်ကူး/တည်းဖြတ် – သန္တာ ၊ ဟေမာ
“လက်ရှိမှာလည်း တော်ရုံက ပိုင်တံခွန်ညီလို့ မသိကြဘူး။ ကျွန်တော် ကိုယ်တိုင်လည်း မပြောဘူး။ မင်းက ပိုင်တံခွန် ညီ။ ဘာဖြစ်တယ် ညာဖြစ်တယ်ပြောရင် ကျွန်တော်မကြိုက်ဘူးဗျ” ရှင်ဘုန်းပြည့်
လာမဲ့ရက်ပိုင်းမှာကျင်းပမဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးအတွက် ရွှေကြိုမောင်အဖြစ် ဝင်ရောက်လျှောက်ထားတဲ့ ရှင်ဘုန်းပြည့်က အစ်ကိုဖြစ်သူ ပိုင်တံခွန်ရဲ့ ညီဆိုတဲ့ လောင်းရိပ်ကိုမမိချင်ဘူးလို့ ဆိုပါတယ်။
အကိုဖြစ်သူ ပိုင်တံခွန်က အဓိကအားပေးမှုအဖြစ် ကြိုးစားဖို့ ပြောသလို ရှင်ဘုန်းပြည့် ဘာပဲလုပ်လုပ် မိဘကို မမေ့ဖို့၊ ဘုရား၊ တရားလုပ်ဖို့ မမေ့ဖို့ ဆုံးမပြီး ကျန်တာတွေအားလုံးကို နောက်က လိုက်ဖြည့်ဆည်းပေးမယ်လို့ ပိုင်တံခွန်က ပြောတဲ့အကြောင်း ရှင်ဘုန်းပြည့် ဖွင့်ဟမှုတွေကို MT News ရဲ့ ဒီရုပ်သံလေးမှာ ကြားသိရမှာပါ။