MT News
Translated by Htwe Ko Tun
ပါရီမြို့တွင် ၂၀၂၄ ခုနှစ်၌ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲသို့ ရုရှားနိုင်ငံက ပါဝင်ယှဥ်ပြိုင်မည်ဆိုလျှင် ယူကရိန်းအနေနှင့်အိုလံပစ်ခြေစစ်ပွဲများတွင် ပါဝင်မည်မဟုတ်ဟု ယူကရိန်းအစိုးရက ပြောကြားခဲ့မှုအပေါ် နိုင်ငံတကာအိုလံပစ်ကော်မတီ(IOC)က ယူကရိန်းအနေနှင့် ထိုသို့ဆုံးဖြတ်မည်ဆိုလျှင် ယူကရိန်းနိုင်ငံ၏ အားကစားနှင့် အားကစားသမားများကိုသာ ထိခိုက်စေမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
IOC က ရုရှားနှင့် ဘီလာရုစ်အားစားသမားများအား နိုင်ငံ တကာပြိုင်ပွဲများတွင်ပြန်လည်ပါဝင်လာရန် ပြန်လည်စဥ်းစား ဆုံးဖြတ်သွားရေးထောက်ခံမှုကို မတ်လ ၂၅ ရက်က ထုတ်ပြန်ခဲ့ပြီးနောက် ယူကရိန်း အစိုးရဝန်ကြီး အိုလိ နမ်ချီနော့ဗ်က ယူကရိန်းနိုင်ငံ၏မူဝါဒအဖြစ် ရုရှားပါဝင်လာပါက အိုလံပစ်ခြေစစ်ပွဲများကို သပိတ်မှောက်မည်ဟု မတ်လ ၃၁ ရက်က ကြေညာခဲ့ခြင်းဖြစ်သည်။
ရုရှားက ယူကရိန်းနိုင်ငံအား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် မတ်လမှစ၍ ရုရှားနှင့် ဘီလာရုပ်စ်အားကစားသမားများအား နိုင်ငံတကာအားကစားပြိုင်ပွဲများတွင်ပါဝင်ယှဥ်ပြိုင်ခွင့် ပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်။
IOC က မတ်လ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်၌ ယူကရိန်းနိုင်ငံအနေဖြင့် ထိုသို့ဆုံးဖြတ်ဆောင်ရွက်မည်ဆိုလျှင် ယူကရိန်း အားကစားအသိုင်းအဝိုင်းကိုသာ ထိခိုက်စေမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းက ကမ္ဘာကြီးအနေဖြင့်ရပ်တန့်စေလိုပြီဖြစ်သည့် စစ်ပွဲအပေါ် တစ်စုံတစ်ရာသက်ရောက်မှုမရှိကြောင်း၊ ထို့ကြောင့် ယူကရိန်း ၏ထိုဆုံးဖြတ်မှုကို OIC က ရှုတ်ချကြောင်း ဖော်ပြခဲ့သည်။
IOC က ပါရီအိုလံပစ်ပြိုင်ပွဲတွင် ရုရှားနှင့်ဘီလာရုပ်စ် အားကစားသမားများ ပါဝင်ရေးအတွက် သီးခြားဆုံးဖြတ်ချက်တစ်ရပ်ကို ထပ်မံပြုလုပ်သွားမည်ဖြစ်သည်။
ထို့ကြောင့်လည်း ယူကရိန်းက ပါရီအိုလံပစ်တွင် ရုရှားအား ပြန်လည်ပါဝင်ခွင့်ပေးပါက ၎င်းကသပိတ် မှောက်မည်ဟုခြိမ်းခြောက်နေခြင်းလည်းဖြစ်သည်။
Ref—-Bangkok Post