၁. ၄. ၂၀၂၃
ရိုက်ကူး/တည်းဖြတ် – သန္တာ ၊ ဟေမာ
“နားထဲမှာအမြဲတမ်း ငါဒါလုပ်လိုက်ရင် ငါ့အဖေငါ့ကို ဘာပြောတော့မလဲဆိုတာ နားထဲမှာဆွဲနေတဲ့အတွက် အဖေအသံတော့ ကြားချင်တာပေါ့။ အခုကတော့ ကိုယ့်ဘာသာ စိတ်ကူးထဲမှာပြောပြီး စိတ်ကူးထဲမှာကြားရတဲ့ အသံမျိုးဖြစ်နေတဲ့အတွက် အပြင်မှာလည်း အဖေအသံကို ကြားချင်ပါတယ်” လို တစ်ချိန်က ပရိသတ်အားပေးမှုများစွာရရှိခဲ့တဲ့ လူရွှင်တော် မေတ္တာရဲ့ သားဖြစ်သူ မေတ္တာမြင့်မြတ်ဟိန်းက MT News ကတစ်ဆင့် ဖခင်ဖြစ်သူ လူရွှင်တော်သရုပ်ဆောင် မေတ္တာရဲ့ မေတ္တာတရားတွေ၊ ဆုံးမခဲ့တဲ့အကြောင်းတွေ၊ ဖခင်တာဝန်တွေ ပခုံးပြောင်းလွှဲယူခဲ့တဲ့အကြောင်းတွေကို ရင်ဖွင့်လာတာကို MT News Entertainment ရဲ့ ဒီရုပ်သံမှာ ကြားသိရမှာပါ။