၂၈. ၃. ၂၀၂၃
Written by Min Mahar
အမျိုးသားတစ်ဦးအား PDF အဖွဲ့ဝင် ၅ ဦးက “ခင်ဗျားဒလန် လား”ဟုမေးကာ သေနတ်ဖြင့်ပစ်သ-တ်သွားသည့်အပြင် သမီးဖြစ်သူထံမှ နားကပ်တစ်ရံနှင့် ဆိုင်ကယ်တစ်စီးကိုပါလုယက်ယူဆောင်သွားမှု ငါန်းဇွန်မြို့နယ်တွင် ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၂၇ ရက် ညနေ ၅ နာရီ ၄၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကုလကျေးရွာတွင် နေထိုင်သည့် အသက် ၆၈ နှစ်အရွယ်အမျိုးသားသည် နေအိမ်အတွင်း၌ အသက် ၂၄ နှစ်အရွယ်သမီးဖြစ်သူနှင့် အတူရှိနေစဉ် အမည်မသိ PDF အဖွဲ့ဝင် ၅ ဦးတို့မှ ဆိုင်ကယ် ၃ စီးဖြင့် နေအိမ်သို့ရောက်ရှိလာပြီး ဖခင်ဖြစ်သူအား “ခင်ဗျားဒလန်လား” ဟုပြောဆို၍ သေနတ်ဖြင့်ပစ်ခတ်သ-တ်ဖြတ်သွားကြောင်း သိရသည်။
“သေနတ်သမားငါးယောက်က အိမ်မှာနေနေတဲ့ သားဖနှစ်ယောက်ရှိနေချိန်မှာ ရောက်လာပြီး အဖေဖြစ်သူကိုပစ်သ-တ်သွားတဲ့အပြင် သမီးဖြစ်သူရဲ့ နားကပ်နဲ့ ဆိုင်ကယ်တစ်စီးကိုပါ လုယူသွားကြတယ်။ သူ့သမီးပြောတာကတော့ ခင်ဗျားဒလန်လားလို့မေးပြီးမှ ပစ်သ-တ်သွားတာတဲ့။ အသ-တ်ခံရသူက တပ်ကိုထောက်ခံလို့ အခုလိုအသ-တ်ခံရတာပဲဖြစ်နိုင်တယ်” ဟု တစ်ရွာထဲနေသူတစ်ဦးက ဆိုသည်။
ယင်းကဲ့သို့ ပစ်ခတ်သ-တ်ဖြတ်ခဲ့မှုကြောင့် ၎င်းအမျိုးသားသည် ဝဲဘက်မျက်လုံးကိုဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ရင်အုံကိုဖောက်ဝင်ခဲ့သည့်ဒဏ်ရာ ၁ ချက်နှင့် ဝဲဘက်ဂျိုင်းအောက်ကိုလည်းဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်တို့အသီးသီးရရှိခဲ့ပြီး နေရာတွင်ပင် သေဆုံးသွားခဲ့သဖြင့် ည ၇ နာရီခွဲခန့်တွင် ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။
လုယက်သ-တ်ဖြတ်မှုကျုးလွန်သည့် PDF များသည် သမီးဖြစ်သူ ဝတ်ဆင်ထားသောနားကပ်တစ်ရံ၊ ဂျာလင်းစူပါကပ်ဆိုင်ကယ် ၁ စီးတို့ကိုပါ ယူဆောင်သွားပြီး ပြန်လည်ထွက်ခွာသွားကြကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်သို့ သွားရောက်စစ်ဆေးသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျည်ခွံများအားရှာဖွေတွေ့ရှိခဲ့ခြင်းမရှိဘဲ USA Auto 380 ကျည်တောင့်သာ သိမ်းဆည်းရရှိခဲ့ပြီး ပစ်ခတ်သူများအားဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။