MT News
90s Born တွေ အရမ်းကို ကြိုက်ခဲ့တဲ့ No အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ အဆိုတော် ရတနာနဲ့ မြန်မာလက်ရွေးစင် ဂိုးသမားဟောင်း ကျော်ဇင်ထက်တို့ ရွှေလက်တွဲခဲ့ပြီလို့ သိရပါတယ်။
သူမရဲ့ အချစ်ရေးသတင်းနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပြောပြလေ့မရှိတဲ့ အဆိုတော် ရတနာက မင်္ဂလာသတင်းနဲ့အတူ ပရိသတ်ကို Surprise တိုက်လိုက်တာလည်း ဖြစ်ပါတယ်။
ဒီမင်္ဂလာပွဲကို မတ်လ၂၅ ရက်နေ့ညပိုင်းက ရန်ကုန်ယူနိုက်တက် ဘောလုံးကွင်းမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
No အဖွဲ့ဟာ မြန်မာနိုင်ငံက မိန်းကလေးအဆိုတော်အဖွဲ့ဖြစ်သလို ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာ နာမည်ကြီးခဲ့တဲ့ အမျိုးသမီး အဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။
ရတနာရဲ့ ချစ်သူ ကျော်ဇင်ထက်က ရန်ကုန်ယူနိုက်တက်နဲ့ မြန်မာ့လက်ရွေးစင်ဂိုးသမားဟောင်းတစ်ဦးဖြစ်သလို Hip Hop အဆိုတော်တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။
ကျော်ဇင်ထက် ယခင်က “One Men Two Life “ဆိုတဲ့ သီချင်းကလည်း လူငယ်တွေကြား အရမ်းပေါက်ခဲ့တဲ့ သီချင်းတစ်ခုလည်းဖြစ်ပါတယ်။
ကျော်ဇင်ထက်နဲ့ ရတနာတို့ မင်္ဂလာပွဲကို အနုပညာမောင်နှမတွေက ဂုဏ်ပြုချီးကျူးအားပေးလျှက်ရှိကြပါတယ်။