Photo News
၂၈. ၃. ၂၀၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇနီး ဒေါ်ကြူကြူလှတို့က တည်ခင်းဧည့်ခံတဲ့ (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်ဧည့်ခံပွဲနဲ့ ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို မတ်လ ၂၇ ရက်ညပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဥပစာရင်ပြင်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ဒီညစာစားပွဲအခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ဇနီးဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနဲ့ ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နဲ့ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နဲ့ဇနီး၊ ကောင်စီအတွင်းရေးမှူးနဲ့ ဇနီး၊ တွဲဖက်အတွင်းရေးမှူးနဲ့ဇနီး၊ ကောင်စီဝင်တွေနဲ့ သူတို့ရဲ့ဇနီးတွေ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနဲ့ ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနဲ့ ဇနီးများ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရဲဘော်သုံးကျိပ်ဝင် မိသားစုဝင်တွေ၊ အငြိမ်းစား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တွေရဲ့ မိသားစုဝင်တွေ၊ အငြိမ်းစားတပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိကြီးတွေ၊ လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်၊ ဒုတိယအဆင့်နဲ့ တတိယအဆင့် မော်ကွန်းဝင်ပုဂ္ဂိုလ်တွေ၊ အကြံပေးပုဂ္ဂိုလ်တွေ၊ ဒုတိယဝန်ကြီးတွေ၊ တပ်မတော်သား အငြိမ်းစားသံအမတ်ကြီးတွေ၊ နေပြည်တော်ကောင်စီဝင်တွေ၊ နိုင်ငံခြားစစ်သံရုံးတွေက စစ်သံမှူးတွေနဲ့ တာဝန်ရှိသူတွေ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေက ဥက္ကဋ္ဌတွေနဲ့ အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။