MT News
Written By Thandar
သင်္ကြန်မတိုင်ခင် အကြိုအနေနဲ့ “အမေများအဖွဲ့”က ရန်ကုန်မြို့ မြောက်ဥက္ကလာပ (ည)ရပ်ကွက်က “မွန်မြတ်စိတ်ထား တွယ်ရာမဲ့ဘိုးဘွား” ရိပ်သာကို မတ်လ ၂၇ ရက်မှာ လာရောက် ကပြ ဖျော်ဖြေခဲ့ပါတယ်။
“သင်္ကြန်ကာလကလည်း ၄ ရက်ထဲဆိုတော့ သင်္ကြန်မတိုင်ခင်မှာ အနုပညာလောက ရင်းနှီးသူတွေဆီကို လာရောက်ဖျော်ဖြေတင်ဆက်မူတွေ လုပ်တာပါ။ ခုချိန် တွယ်ရာမဲ့ဘိုးဘွားတွေကလည်း အသက်အရွယ်တစ်ခုကြောင့် ဘယ်မှသွားဖို့ မလွယ်ကူချိန်မှာ အခုလို သင်္ကြန်မတိုင်ခင် အကြိုအနေနဲ့ “အမေများအဖွဲ့”က “မွန်မြတ်စိတ်ထားတွယ်ရာမဲ့ဘိုးဘွား” ရိပ်သာကို လာရောက် ကပြဖျော်ဖြေကြတော့ စိတ်ပျော်ရွှင် ပီတိဖြစ်ကြတယ်။ သူ့တို့လည်း စိတ်ကျေနပ် ပျော်နေကြတယ်။ ဒါကြောင့်မို့ မွန်မြတ်စိတ်ထားက အမေတွေ အဖွဲ့ကို လှူဒါန်းမူတွေလုပ်ခဲ့တာပါ”လို့ ဘိုးဘွားရိပ်သာက တာဝန်ရှိသူက MT News ကိုပြောပါတယ်။
ဒီနေ့ဖျော်ဖြေမှုမှာ အမေများအဖွဲ့က တေးသီချင်း ၂ ပုဒ်နဲ့ ကပြဖျော်ဖြေခဲ့ကြပြီး “မွန်မြတ်စိတ်ထားတွယ်ရာမဲ့ ဘိုးဘွားရိပ်သာ”က အလှူငွေ ကျပ် ၂သိန်း လှူဒါန်းခဲ့ပါတယ်။ ဒီလှုဒါန်းမူကိုလည်းည“အမေများအဖွဲ့” က ဘိုးဘွားတွေရဲ့ စားစရိတ် အတွက် ပြန်လည်လှူဒါန်းသွားတယ်လို့ သိရပါတယ်။
တစ်ချိန်က နာမည်ကြီး အနုပညာရှင်တွေနဲ့ စုစည်းထားတဲ့ အမေများအဖွဲ့ဟာ ဦးဆောင်သူ ဒေါ်နွဲ့နွဲ့စန်း၊ မတူး၊ ဒေါ်စီစီသိန်း၊ ဒေါ်ဌေးဌေးစိန် စတဲ့ အနုပညာရှင်ကြီးတွေ ၁၅ ဦးခန့်ပါဝင်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ အမေများအဖွဲ့က ရင်းနှီးသူ အနုပညာအသိုင်းအဝိုင်းတွေဆီ လိုက်လံကပြဖျော်ဖြေနေလျှက်ရှိတယ်လို့ သိရပါတယ်။