၂၇. ၃. ၂၀၂၃
Written By Thandar
ဗီလိန်ကာရိုက်တာနဲ့ ပရိသတ်အားပေးမူကို ရရှိလာတဲ့ သရုပ်ဆောင် ချမ်းမင်းရဲထွဋ်ကတော့ ကျွန်တော်က ကောင်မလေးဆိုရင် ရုပ်ဆိုးလည်းရတယ် ကျွန်တော်ချစ်ဖို့ပဲလိုတာပါလို့ ဖွင့်ဟလာပါတယ်။
“တချို့ Body လှလှမြင်ရင်တော့ ကြည့်ပြီးငေးလိုက်တာပေါ့။ အချစ်မှာတော့ ဖူးစာမရှိပါဘူးထင်တာပဲ ။ ကိုယ့်နဲ့ကြုံလာတဲ့ လူကတော့ လုပ်ယူရတဲ့ ဖူးစာမရှိဘူးလို့ ပြောချင်တာပါ။ ကိုယ့်နဲ့ တကယ်ချစ်သွားပြီဆိုရင် ဘယ်သူမဆို ချစ်သူဖြစ်လာမှာပါ။ ကျွန်တော်က ကောင်မလေး ရုပ်ဆိုးလည်းရတယ်၊ ကျွန်တော်ချစ်ဖို့ပဲလို့တာပါ။ ဘယ်လိုကောင်မလေးဖြစ်ဖြစ်ရတယ်။ ကျွန်တော် အရင်တုန်းက တက္ကသိုလ်တုန်းက ရည်းစားတွေအများကြီး ထားဖူးတယ်၊ ခုတော့လည်း တစ်ယောက်မှမရှိတော့ပါဘူး။ ငယ်ငယ်တုန်းက ရည်းစားထားတာပါ။ ခုကတော့ အသက်တွေလည်း ကြီးပြီးဆိုတော့လေ အေးဆေးပါပဲ” လို့ ချမ်းမင်းရဲထွဋ်က ပြောပါတယ်။
လက်ရှိ ရိုက်ကူးမူတွေ လုပ်နေတဲ့ “ကျွန်မခင်ပွန်းရဲ့ လျှို့ဝှက်ချက်” ဇာတ်လမ်းတွဲမှာ ကိုယ့်အလုပ်ရှင် ကောင်မလေးကို တစ်ဖက်သတ် လိုက်ကြိုက်တဲ့ လင်းဇော်နေရာက ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ အဆိုပါ ဇာတ်ကားမှာ အဓိကနေရာက သရုပ်ဆောင်မဟုတ်သော်လည်း လုပ်ကွက်ရှိတဲ့အတွက် လက်ခံ ရိုက်ကူးဖြစ်တယ်လို့ သိရပါတယ်။ သူကတော့ ယခင် ရိုက်ကူးမူတွေနားထားပြီး ခုနောက်ပိုင်းမှာ ဇာတ်လမ်းတွဲအနေနဲ့ သုံးကားမြောက်ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။
“ကျွန်တော်က နော်ဖောနဲ့က ပထမဦးဆုံး ဇာတ်ကား ရိုက်ကူးမှု ဆုံဖူးတာလည်း ဖြစ်ပါတယ်။ ကျန်တဲ့ သရုပ်ဆောင်တွေကလည်း ခုမှပဲ ဆုံဖြစ်ကြတာပါ။ “ကျွန်မခင်ပွန်းရဲ့ လျှို့ဝှက်ချက်” ဇာတ်မှာ ပြဿနာကြီး တစ်ခုရှိတယ်။ ဒီပြဿနာကောင်က ကျွန်တော်ဖြစ်နေတာပေါ့။ ဒီဇာတ်ကောင်ကို ကြိုက်လို့လည်း လက်ခံရိုက်ဖြစ်တာပါ။ ဒီကားမှာ လျှို့ဝှက်ချက်တွေ အများကြီးပါပါတယ်”လို့ သူကဆက်ပြောပါတယ်။