၂၇. ၃. ၂၀၂၃
Translated by Htwe Ko Tun
ရုရှားသမ္မတ ဗလာဒီမာ ပူတင် က ရုရှားအနေဖြင့် ဥရောပသမဂ္ဂသို့ ရုရှားနိုင်ငံ၏ တံခါးဝသဖွယ်လည်းဖြစ်သော ဘီလာရုစ်နိုင်ငံ၌ နည်းဗျူဟာမြောက် နျူကလီယားလက်နက်များကို ချထားမည်ဖြစ်ကြောင်း မတ်လ ၂၅ ရက်က ပြောကြားခဲ့သည်။ ပူတင် က ရုရှားအနေဖြင့် စစ်အေးကာလကဲ့သို့ ကြောက်ရွံ့မှုများဖြစ်လာအောင် ခြိမ်းခြောက်ခံလာရမည်ဆိုပါက ယူကရိန်းတွင် ၎င်းက နျူကလီယားလက်နက်များကိုအသုံးပြုသွားမည်ဟု ယခင်ကလည်းသတိပေးမှုများ ပြုလုပ်ခဲ့သည်။
ထို့ပြင် ယူနိုက်တစ်ကင်းဒမ်းအစိုးရက ယူကရိန်းအားစွန့်ပစ် ယူရေနီယမ် ခဲယမ်းလက်နက်များထောက်ပံ့မည်ဟု ပြောကြားခဲ့ပြီးနောက်တွင် ပူတင်က ယူကရိန်းအစိုးရအနေဖြင့် အငြင်းပွားဖွယ်လက်နက်များ အနောက်အုပ်စုမှရရှိခဲ့သည်ဆိုလျှင် ၎င်းအနေဖြင့် လည်းစွန့်ပစ်ယူရေနီယမ်ခဲယမ်းလက်နက်များ ပြန်လည်ချထားရလိမ့်မည်ဟု ဆက်လက်ပြောခဲ့သည်။
သမ္မတ ပူတင်က ရုရှားအနေဖြင့် ဤကဲ့သို့ နည်းဗျူဟာမြောက် နျူကလီယားလက်နက်များ ဘီလာရုစ်နိုင်ငံ၌ ချထားမည်ဆိုသည်မှာ ဖြစ်လေ့ဖြစ်ထမရှိသည့်လုပ်ရပ်ဟု မဆိုနိုင်ကြောင်း၊ အမေရိကန်က ဆယ်စုနှစ်ပေါင်းများစွာ ၎င်း၏ မဟာမိတ်နိုင်ငံများ၌ နည်းဗျူဟာမြောက် နျူကလီယားလက်နက်များ ချထားခဲ့ကြောင်းလည်း ပြောခဲ့သေးသည်။ ရုရှားသမ္မတပူတင်က ဤကိစ္စအတွက် ဘီလာရုစ်သမ္မတ အလက်ဇန်းဒါး လူရှန်ကို နှင့် တွေ့ဆုံဆွေးနွေးပြီးဖြစ်ကြောင်းလည်း ပြောခဲ့သည်။
Ref—–AFP