၂၅. ၃. ၂၀၂၃
Written by Pan Ei
ကနေဒါနိုင်ငံ၊ အယ်လ်ဘာတာပြည်နယ်က အသက် ၈၀ အရွယ် ဂျိုဆဲဖင်း မဲကလုခ် လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးဟာ ဆယ်စုနှစ် ခြောက်ခုနီးပါး သွေးပုံမှန်လှူဒါန်းခဲ့ပြီး မရေမတွက်နိုင်တဲ့ အခြားသူတွေရဲ့ အသက်တွေကို ကယ်တင်နိုင်ခဲ့ကာ သွေးအများဆုံး လှူဒါန်းသူ (အမျိုးသမီး) အဖြစ် ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။
ဂျိုဆဲဖင်းဟာ အသက် ၂၂ နှစ်အရွယ်မှာ သွေးလှူဖို့ချိန်းထားတဲ့ သူ့အစ်မဆီကို အလည်လာရင်းနဲ့ သူ့အစ်မနဲ့အတူ စတင်လှူဒါန်းဖြစ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအထိ သူမ လှူဒါန်းခဲ့တဲ့ သွေးပမာဏ စုစုပေါင်းဟာ ၂၀၃ ပိုင့် (၉၆ လီတာကျော်) ဖြစ်ပါတယ်။
လူတစ်ဦးရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ သွေးပမာဏဟာ ခန္ဓာကိုယ်အရွယ်အစားပေါ် မူတည်ပေမဲ့ ပျမ်းမျှ အရွယ်ရောက်ပြီးသူတွေမှာ သွေး ၁၀ ပိုင့် (၄.၇ လီတာ) ခန့်ရှိပြီး ၎င်းတို့ ခန္ဓာကိုယ် အလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်းခန့်ရှိပါတယ်။
သူမရဲ့ သွေးအမျိုးအစားမှာ O+ ဖြစ်ပြီး သူမရဲ့ လှူဒါန်းမှုက အခြားသူတွေကို အကူအညီပေးနိုင်တာကို နှစ်သက်တယ်လို့ ပြောကြားခဲ့သလို “သွေးလှူဖို့ကို လူအများကို လှုံ့ဆော်ပေးနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ သွေးလှူဒါန်းဖို့ အရည်အချင်းပြည့်မီသူအားလုံးကို သွေးလှူဒါန်းဖို့ တိုက်တွန်းချင်ပါတယ် ” လို့ သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။
အရင်က သွေးအများဆုံးလှူဒါန်းတဲ့ စံချိန်ဟောင်းပိုင်ရှင်က သွေး ၁၁၇ ပိုင့် (၅၅ လီတာကျော်) လှူဒါန်းခဲ့တဲ့ အိန္ဒိယနိုင်ငံက မဒူရာအက်ရှ်ကူးမား ဆိုသူ အမျိုးသမီး ဖြစ်ပါတယ်။
Ref; UPI News