၂၄. ၃. ၂၀၂၃
Written By Thandar
ဦးလေးဖြစ်သူ အဆိုတော်ကျော်ကျော်နန္ဒကြောင့် ပရိသတ်ပိုသတိထားချစ်ခင်မှုရရှိလာတဲ့ အလှမယ် ကျော်ကျော်အိန္ဒြာကတော့ အချစ်ရေးကို စဉ်းစားခဲ့မယ်ဆိုရင် ဘဝတက်လမ်းတွေပိတ်သွားနိုင်လို့ အချစ်ရေးကို လုံးဝမစဉ်းစားချင်ဘူးလို့ ဆိုပါတယ်။
“ညီမက အချစ်ရေးကို လုံးဝမစဉ်းစားချင်ပါဘူး။ အနုပညာအလုပ်တွေကို လုပ်နေရရင်ကို အရမ်းပျော်တယ်။ အချစ်ရေးကို စဉ်းစားခဲ့မယ်ဆိုရင် ညီမ ဘဝတက်လမ်းတွေပိတ်သွားနိုင်လို့ အချစ်ရေးကို လုံးဝမစဉ်းစားချင်ဘူး။ လာကြိုက်တဲ့သူတွေရှိပေမယ့် မစဉ်းစားချင်ဘူး။ ဦးလေးကလည်း အချစ်ရေးကို စဉ်းစားရင် ပြောလိမ့်မယ်။ ညီမက အနုပညာအလုပ်ကို အရမ်းရူးသွပ်တဲ့သူဖြစ်တဲ့အတွက် အချစ်ရေးကိုတော့ လုံးဝစိတ်ကူးယဉ်မှာ မဟုတ်ပါဘူး”လို့ အလှမယ် ကျော်ကျော်အိန္ဒြာကပြောပါတယ်။
သူ့မက အသက် ၁၆နှစ်အရွယ်သာရှိသေးပြီး Miss Grand PyinOo Lwin 2024 ဆုကို ရရှိထားတဲ့ အလှမယ်တစ်ဦးလည်းဖြစ်ပါတယ်။ ကျော်ကျော်အိန္ဒြာက လက်ရှိ အလှမယ်တစ်ဦးအနေနဲ့ အနုပညာလှုပ်ရှားမှုတွေကို အဆက်မပြတ်လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။
ဦးလေးဖြစ်သူ အဆိုတော်ကျော်ကျော်နန္ဒနဲ့အတူ တေးသီချင်းတစ်ပုဒ် မကြာမီထွက်ရှိဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။