၂၄. ၃. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံအနေဖြင့် လာမည့်ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဒေါ်လာတစ်ဘီလျံတန်ဖိုးရှိ ဆန်တန်ချိန်၂သန်းကျော်တင်ပို့နိုင်ရန် မျှော်လင့်ထားကြောင်း မြန်မာဆန်စပါးလုပ်ငန်းရှင်များအသင်းချုပ် (MRF) ဥက္ကဋ္ဌဖြစ်သူ ဦးရဲမင်းအောင်က ပြောသည်။
မြန်မာနိုင်ငံသည် ၂၀၂၂ ခုနှစ် ဧပြီလအတွင်း စတင်ခဲ့သော ၂၀၂၂-၂၃ ဘဏ္ဍာနှစ်၏ ပထမ ၁၁ လအတွင်း ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် ၁ ဒသမ ၂၈ သန်းတင်ပို့ခဲ့ပြီး ဆန်ကွဲတန်ချိန် ၈၁၂၄၈၈ တင်ပို့နိုင်ခဲ့ကြောင်း MRF ၏အချက်လက်များအရ သိရသည်။
“ကျွန်တော်တို့ဟာ လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများကို အမေရိကန်ဒေါ်လာ သန်း ၉၀၀ တန်ဖိုးရှိ ဆန်များတင်ပို့နိုင်ခဲ့တယ်။ လာမယ့်ဘဏ္ဍနှစ်မှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံတန်ဖိုးရှိ ဆန်တန်ချိန် ၂ ဒသမ ၁သန်းကျော်ကို ပြည်ပနိုင်ငံများကိုတင်ပို့နိုင်ဖို့ မျှော်လင့်နေတယ် ” ဟု ဦးရဲမင်းအောင်က ဆိုသည်။
မြန်မာနိုင်ငံသည် ဆန်များကို တရုတ်နိုင်ငံ၊ ဖိလစ်ပိုင်၊ ဂျပန်၊ ဥရောပသမဂ္ဂ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ သီရိလင်္ကာ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ နိုင်ငံများကိုတင်ပို့နိုင်ခဲ့ကြောင်း MRF က သိရသည်။ မြန်မာနိုင်ငံတွင် ဆန်ထုတ်လုပ်ရန် စပါးကို ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့တွင် အဓိကထား စိုက်ပျိုးလျက်ရှိနေကြောင်း သိရသည်။ လက်ရှိမတည်ငြိမ်မှုများ ရှိသော်လည်း မြန်မာနိုင်ငံအနေဖြင့် ဆန်စပါး ထုတ်လုပ်မှုများကို နိုင်ငံတဝှမ်းတွင် ပုံမှန်အခြေနေတိုင်း ထုတ်လုပ်နိုင်ဖွယ်ရှိနေကြောင်း သိရသည်။
Ref — the star