၂၃. ၃. ၂၀၂၃
Written By Thandar
ဟာသပညာပေးဇာတ်လမ်း “တို့ရွာကငတက်ပြား” ရုပ်ရှင်ဇာတ်ကားကို မနက်ဖြန် မတ်လ ၂၄ ရက်ကစ မြန်မာတစ်ပြည်လုံးမှာရုံတင်ပြသမှာ ဖြစ်ပါတယ်။
ဒီဇာတ်ကားကတော့ မကောင်းမူပြုလုပ်သူက ထိုအကုသိုလ်အကျိုးပေးကြောင့် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ မနေရဘဲသောက ဖိစီးမူတွေကို ခံရတာ။ လူတစ်ဦးအောင်မြင်မူကို မုဒိတာမပွားဘဲ မနာလိုဝန်တိုစိတ်မွေးပြီး အကျိုးပျက်ရာပျက်စီးအောင် ကြံစည်သူက ကိုယ်တိုင်အကျိုးပျက်ဒုက္ခရောက်တတ်တာကို အကြောင်းပြုပြီးတော့ မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ သတိပြုမိစေဖို့ ရည်ရွယ် ရိုက်ကူးထားတာပါ။ ဒါကို ဟာသနဲ့နှောပြီး ဟာသပညာပေးဇာတ်လမ်းလေးဖန်တီးထားတာလည်းဖြစ်တယ်လို့ သိရပါတယ်။
ဒီဇာတ်ကားကို နယူးကြောင်ကမ္ဘာထုတ်လုပ်ရေးက ဇာတ်လမ်းနဲ့ ဇာတ်ညွှန်း လှဝင်း(အေဝမ်း)ရေးသားပြီး ဒါရိုက်တာ သက်နေထွန်းက သရုပ်ဆောင်တွေဖြစ်တဲ့ ခန့်စည်သူ၊ ကျော်ကျော်ဗိုလ်၊ ရတနာဗိုလ်၊ အိချောပို၊ နေမျိုးအောင်၊ နေဒွေး၊ ကျော်ထူး၊ ငြိမ်းချမ်း၊ ဦးပေါ်လေး၊ တိမ်ညွှန့်၊ ကောင်းစံ၊ အောင်သော်၊ မျောက်ရှုံး၊ ကြင်ဝှက်၊ အောင်မော်၊ ကြာစိ၊ ရဲလေးမ၊ ချစ်စု၊ စံလင်း စသူတွေနဲ့ ပြင်ဦးလွင် ဒေသဘက်က မြန်မာ့ ရွာဓလေ့ ရွာစရိုက် ရွာအလှတွေကို ထည့်သွင်းပုံဖော်ရိုက်ကူးထားတယ်လို့ သိရပါတယ်။