MT News
Written by Thettant
ပြည်ပသို့ထွက်ပြေးပြီး CRPH၊ NUG တို့ကို ဆင့်ကဲဖွဲ့စည်းသည့်အပြင် NLD ဗဟိုအလုပ်ကော်မတီကိုပါ ဖွဲ့စည်းပြီး လက်နက်ကိုင်တိုက်ခိုက်မှုများပြုလုပ်နေသည့် ဦးအောင်ကြည်ညွန့်ဦးဆောင်သော ပြည်ပထွက်ပြေးသည့် NLD လူဟောင်းများအား NLD ပါတီအမည်သုံးစွဲခွင့်မပြုကြောင်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယဥက္ကဋ္ဌဖြစ်သူ သမ္မတဟောင်း ဦးဝင်းမြင့်တို့က ပြောကြားထားကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ပထမဆုံးအဖြစ် NLD ဗဟိုအလုပ်ကော်မတီက ဦးဆောင်သည့် NLD ဒုတိယဗဟိုကော်မတီ၏ ကြားကာလပုံမှန်အစည်းအဝေးကို မတ်လ ၂၁ ရက်က ကျင်းပခဲ့သည်ဟု ထုတ်ပြန်သည်။
ထိုထုတ်ပြန်ချက်တွင် နိုင်ကျဥ်းများလွတ်မြောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရာတွင် တိုင်းရင်းသားဆန္ဒများအလေးထားရေးနှင့် ဗဟိုအလုပ်ကော်မတီ၏ ထုတ်ပြန်ချက်များ၊ လုပ်ဆောင်ချက်များ အပါအဝင်ဆုံးဖြတ်ချက် ၁၁ ချက်ကို ချမှတ်ခဲ့သည်ဟု အကြမ်းဖျဥ်းဖော်ပြထားပြီး NLD ပါတီ အမည်သုံးခွင့်မရှိကြောင်းနှင့် ဗဟိုအလုပ်ကော်မတီတရားမဝင်ကြောင်း ပြည်သူများမသိရှိမီ ယခင်ကကဲ့သို့ စနစ်တကျထုတ်ပြန်နိုင်တော့ခြင်းမရှိသည်ကိုလည်း တွေ့ရသည်။