◾️မတ်လ ၂၀ ၌ ဆန္ဒပြသမား ၇၀ ကျော် ထပ်မံဖမ်းဆီးခံရ
၂၁. ၃. ၂၀၂၃
Translated by Htwe Ko Tun
ပြင်သစ်အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ကိုမရယူဘဲ ပြင်သစ်အစိုးရက နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူရမည့်အသက်ကို ၆၂ နှစ်မှ ၆၄ နှစ်သို့ ပြောင်းလဲသတ်မှတ်ခဲ့ခြင်းအား မတ်လ ၂၀ ရက် ညနေပိုင်းတွင် မြို့တော်ပါရီ၌ ဆန္ဒပြခဲ့ကြရာ လူ ၇၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
မတ်လ ၂၀ ရက် နံနက်ပိုင်းတွင် ပြင်သစ်အောက်လွှတ်တော်က အဆိုပါပြောင်းလဲသတ်မှတ်ချက်အား အတည်ပြုခဲ့ရာ ဆန္ဒပြသမားနှင့် တရားဥပဒေစိုးမိုးရေး တာဝန်ရှိအဖွဲ့များအကြား တိုက်ခိုက်မှုများဖြစ်ပွားစေခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။
မကျေမနပ်ဖြစ်နေကြသော အလုပ်သမားများနှင့် ၎င်းတို့၏သမဂ္ဂများက ချီတက်ဆန္ဒပြပွဲများအတွင်း အစိုးရ၏ အငြိမ်းစားယူရန်အသက် ပြောင်းလဲသတ်မှတ်မှုကို ၎င်းတို့၏မကျေနပ်မှုအား ပြသခဲ့ကြသည်။ ၎င်းပြောင်းလဲမှုအပေါ် နိုင်ငံတစ်ဝန်းရှိ ပြည်သူများကလည်း လမ်းများပေါ်ထွက်ကာ ကျယ်ပြန့်စွာ ကန့်ကွက်ဆန္ဒပြမှုများပြုလုပ်ခဲ့ကြသည်။
ပြင်သစ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၄၉(၃) တွင် လွှတ်တော်၏ အတည်ပြုချက်မရယူဘဲ ဥပဒေမူကြမ်းကို လိုအပ်က ခွင့်ပြုနိုင်သည်ဟူသော အချက်အရ ပြင်သစ်အစိုးရဝန်ကြီးချုပ် အယ်လိဇဘက် ဘွန်းက နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူရမည့်အသက်ကို ၆၂ နှစ်မှ ၆၄ နှစ်သို့ ပြောင်းလဲသတ်မှတ်ခြင်းဥပဒေကို ပြင်သစ်အစိုးက သဘောတူလက်ခံခွင့်ပြုကြောင်း မတ်လ ၁၆ ရက်တွင်ကြေညာခဲ့သည်။ အဆိုပါ မတ်လ ၁၆ ရက်တစ်ရက်တည်း၌ပင် အငြိမ်းစားယူရန်အသက် ပြောင်းလဲသတ်မှတ်မှုကို ဆန္ဒပြကြသည့် လူ ၃၀၀ ကျော်အား ဖမ်းဆီးခဲ့ကြောင်း သိရသည်။
Ref– bnn.network